ဆင်သေချောင်း အဆင့်မြှင့်တင်ရေးဆောင်ရွက်မည်

 

နေပြည်တော် အောက်တိုဘာ ၂၇


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆင်သေချောင်းအား အဆင့်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
 

အစည်းအဝေးသို့    နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊   နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး     ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့်  ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။


ဦးစွာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  မြို့တော်ဝန်က   ဆင်သေ ချောင်းတံတား   (ကျောက်ချက်) ပြုပြင်မွမ်းမံဆောင်ရွက်နေသည့် လုပ်ငန်းများ၊   ဆင်သေချောင်း ဝဲ/ယာတစ်လျှောက်   မြစ်ကမ်း ထိန်းသိမ်းရေး    လုပ်ငန်းဆောင် ရွက်နေမှုများနှင့်   ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြောကြားသည်။ 


ထို့နောက်   ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က   ဆင်သေ ချောင်းတစ်လျှောက်    ရေကြီး နစ်မြုပ်မှု လျော့နည်းသက်သာစေ ရေးအတွက်  ယခုလက်ရှိ   အခြေ အနေများကို ပြန်လည်တိုင်းတာ စစ်ဆေး၍    ချောင်းဖြောင့်ခြင်း လုပ်ငန်းများ၊ ရေလမ်းထိန်းသိမ်း ခြင်းလုပ်ငန်းများ စသည့် River Tranning   လုပ်ငန်းများကို   စီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။


ယင်းနောက်   တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဆင်သေချောင်းအား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက် ၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ   နေပြည် တော်ကောင်စီဥက္ကဋ္ဌက    ဌာန ဆိုင်ရာများ၏   တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။ 


ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    အဖွဲ့သည် ဆင်သေချောင်းတံတား (ကျောက် ချက်)  သို့   ရောက်ရှိပြီး   ဆင်သေ ချောင်းတံတား   (ကျောက်ချက်) ပေ ၂၁၀  လေးလမ်းသွား   တိုးချဲ့ တည်ဆောက်ခြင်း  လုပ်ငန်းများ၊ ဌာနဆိုင်ရာများနှင့်   ပြည်သူများ မှ ချောင်းပတ်ဝန်းကျင်   သန့်ရှင်း သာယာရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းများ၊ မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရာဇ ဌာနီလမ်းတစ်လျှောက် (ဘောဂ သီရိကားဝင်းမီးပွိုင့်)ရှိ  လမ်းများ ပြုပြင်နေမှု   အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားသည်။


ထို့နောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်   တာဝန်ရှိသူ များသည် နေပြည်တော် စည်ပင် သာယာရေးကော်မတီ၊    အင်ဂျင် နီယာဌာန(လမ်းတံတား)မှ ဆောင် ရွက်နေသော   ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်လမ်းတွင် သာမိုပလတ် စတစ်ဆေးဖြင့် ယာဉ်အန္တရာယ် ကင်း မျဉ်းရေးဆွဲနေမှုအခြေအနေ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်