
ဆင်ပေါင်ဝဲ ဇန်နဝါရီ ၉
ဆင်ပေါင်ဝဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင် ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဂွေးတောက်စမ်း ကျေးရွာအုပ်စု ဂွေးတောက်စမ်းကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသိန်းလွင်နှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများမရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်လဝကဦးစီးမှူးရုံးတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)