
ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး ဆင်ပေါင် ဝဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ ၌ ယနေ့နံနက်ပိုင်းက (၇၄)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားကျင်းပရာ အဆိုပါအခမ်း အနားသို့ တိုင်းဒေသကြီး တိုင်း ရင်းသားရေးရာဝန်ကြီး ဦးထွန်း ခင်၊ တိုင်းရင်းသားလူမျိုးများအခွင့် အရေးကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ အရှိုချင်းလူမျိုးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် သဘာပတိ ဆလိုင်းကျော်ကျော်နိုင်၊ တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားပြီး အရှိုချင်းစာပေနှင့် ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ အတွင်းရေးမှူး ဆလိုင်း အောင်ဇော်ဦးက ချင်းအမျိုးသား နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း ကို ဖတ်ကြားသည်။
ထို့နောက် ဆလိုင်းသန်းဦး ကအရှိုချင်းလူမျိုးများ ဆင်းသက် လာပုံအကြောင်းကိုလည်းကောင်း အရှိုချင်းစာပေနှင့် ရိုးရာယဉ်ကျေး မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းကျော်ကျော်နိုင်က အရှို ချင်းစာပေ ဖြစ်ပေါ်လာပုံအကြောင်း ကိုလည်းကောင်း ပြောကြားပြီး ဆလိုင်းအုန်ငွေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အထူးဧည့်သည် တော်များနှင့် ဌာနဆိုင်ရာများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေ ခဲ့သောအဖွဲ့အား ဆုများချီးမြှင့် ကြောင်း သိရသည်။
နိုင်လင်း (ပြန်/ဆက်)