
ဆင်ပေါင်ဝဲ မတ် ၆
မကွေးတိုင်းဒေသကြီး ဆင်ပေါင် ဝဲမြို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသော ပြည်သူ များအား ကာကွယ်ဆေးများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီတို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်မှစ၍ အိမ်အရောက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးသိန်း ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက အမှတ်(၁) ရပ်ကွက်အတွင်းသို့ လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီး မှူး ဦးသိန်းလွင် ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက အမှတ်(၂) ရပ်ကွက်အတွင်းသို့ လည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ ဦးဆောင်သော ဌာနဆိုင်ရာများ နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၃) ရပ်ကွက်အတွင်းသို့ လည်းကောင်း ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများ အား အိမ်အရောက် လိုက်လံထိုးနှံ ပေးနေခြင်းဖြစ်သည်။
ဆက်လက်ပြီး ကျေးရွာများ သို့လည်း ကာကွယ်ဆေးထိုးအဖွဲ့ ၁၀ ဖွဲ့ခွဲ၍ ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရ သေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရ သည်။
နိုင်လင်း(ပြန်/ဆက်)