
လန်ဒန် နိုဝင်ဘာ ၁၀
ဗြိတိန်ဘုရင် တတိယမြောက် ချားလ်ဘုရင်နှင့်် ကြင်ရာတော် မိဖုရား ကင်မီလာတို့ ယော့ခ်မြို့သို့ နိုဝင်ဘာ ၉ ရက်က အလည်သွား စဉ် ဆန္ဒပြသူတစ်ဦးက ကြက်ဥ ဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါဆန္ဒပြသူမှာ ၎င်း၏ ပစ်မှတ်နှင့် လွဲချော်သွားခဲ့ပြီး ရဲများ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ကိုလည်းခံခဲ့ရသည်။ ချားလ်ဘုရင် သည် လမ်းပေါ်တွင် ပြန့်ကျဲနေ သည့်ကြက်ဥများကို ရှောင်ရှား သွားနေသော်လည်း စိတ်မသက် မသာဖြစ်နေသည့်ဟန် ရှိသည်။ အဲလစ်ဇဘတ် ၂ ဘုရင်မကြီး၏ ရုပ်တုဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ၎င်းနှင့် ကင်မီလာတို့သည် မြောက်ပိုင်း မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ဘုရင်အသစ်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်မှာ နှစ်လမျှ သာရှိသေးသော်လည်း နိုဝင်ဘာ ၉ရက်က ကြုံတွေ့ခဲ့ရသည့် ဆန့်ကျင်မှုမှာ ၎င်းအတွက်ပထမဆုံးကြုံတွေ့ရသည့် ဆန့်ကျင် ခံရမှုမဟုတ်ပေ။ ဘုရင်မကြီး သေဆုံးပြီးနောက် ရက်အတန် ကြာတွင် ဆန္ဒပြပွဲများနှင့်ကြုံ တွေ့ရပြီး လူအချို့ဖမ်းဆီးခံခဲ့ရ သည်။ ဘုရင်စနစ်ဖျက်သိမ်းပေးဟူ သော ဆိုင်းဘုတ်ကိုကိုင်ဆောင်ခဲ့ သည့် အမျိုးသမီးတစ်ဦးမှာလည်း စကော့တလန် အီဒင်ဘာ့မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။
သည်ဝါရှင်တန်ပို့စ်