ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   မတ်    ၁၁


ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို      ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲ ကျော်စွာလမ်းရှိ    မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ   အသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးသို့    စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊       ဦးစီးဌာနများ မှ    ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ       တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ    ကုန်သည်များနှင့် စက်မှုလက်မှု     လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်  ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ    ဥက္ကဋ္ဌ များနှင့်   အလုပ်အမှုဆောင်များ  တက်ရောက်ကြသည်။   

 


အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ဆန်စပါး ကို ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်ပတင်ပို့မှုတိုးတက်ရေး အတွက်  မူဝါဒများ    ချမှတ်ရာ တွင် အထောက်အကူပြုနိုင်ရေး၊ ဆန်စပါး    စိုက်ပျိုးထုတ်လုပ်သူ များနှင့်       လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက်တွင် ပါဝင်ပတ်သက် သူများ   မျှတစွာ အကျိုးအမြတ် ရရှိရေးအတွက် ဆောင်ရွက်ရန် လိုကြောင်း၊ သို့ဖြစ်ရာ မှန်ကန် သော    သတင်းအချက်အလက် ကိန်းဂဏန်းများကို အားလုံးက အချိန်နှင့်တစ်ပြေးညီ    ရရှိရေး အတွက်  အချင်းချင်း သတင်း အချက်အလက်   ဖလှယ်နိုင်ရေး တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြ စေရန်    ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ အဓိက  စားနပ်ရိက္ခာဖြစ်သော ဆန်စပါး     စိုက်ပျိုးထုတ်လုပ်မှု ကြိတ်ခွဲသိုလှောင်    ရောင်းချမှု စားသုံးမှု    တင်ပို့ရောင်းချမှုတို့ကို ဟန်ချက်ထိန်းညှိပေးရေး၊ ထုတ် လုပ်မှုစရိတ်နှင့် အကျိုးအမြတ်၊ ပြည်တွင်းကုန်ဈေးနှုန်းတို့အပေါ် အခြေခံပြီး    ပြည်ပတင်ပို့မည့် ဆန်၏ အရည်အသွေးနှင့် အရေ အတွက်ကို ချိန်ဆဆောင်ရွက်သွား နိုင်ရေးအတွက်    သက်ဆိုင်ရာ ကဏ္ဍများမှ   ဝိုင်းဝန်းပူးပေါင်း ရွက်ကြစေလိုကြောင်း၊   အထူး သဖြင့်  ဆန်ဈေးအတက်အကျ ကွာဟချက် ကြီးမားမှုမရှိစေရေး နှင့်   ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်လုပ်ငန်း  ကုန်သွယ်မှုအကျိုး အမြတ်မှ တောင်သူများရရှိသင့် သည့် အကျိုးအမြတ်အချိုးမှန်ကန် စွာ ခံစားခွင့်ရရှိစေရေး ဦးစားပေး ဆောင်ရွက်ကြရမည်  ဖြစ်သကဲ့ သို့    အခြားတစ်ဖက်တွင်လည်း ဝင်ငွေနည်း ပြည်သူများအတွက် ဆန်ဈေးနှုန်းကြောင့်   ဝန်ထုပ် ဝန်ပိုး မဖြစ်စေရေး    ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန် တိုက် တွန်းပါကြောင်း         ဆွေးနွေး ပြောကြားသည်။

 


ထို့နောက်   ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ ကုန်သည်များနှင့်   စက်မှု လက်မှု   လုပ်ငန်းရှင်များအသင်း ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌနှင့်   ညီနောင် အသင်းများမှ    ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက သက် ဆိုင်ရာ      ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်း များနှင့်  ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းဆိုင်ရာများ၊  ထုတ် လုပ်မှုနှင့်     ပြည်တွင်းပြည်ပ ဈေးကွက်  အခြေအနေများကို ဆွေးနွေးကြသည်။

 


မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးစိုက်ဧရိယာ စုစုပေါင်း ဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်  ၁ ဒသမ ၂  သန်းကျော် တင်ပို့ရောင်းချထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်း            ကြီးမြင့်လာမှုမှ ပြည်တွင်း   စိုက်ပျိုးထုတ်လုပ်သူ များ သက်သာခွင့်ရရှိနိုင်ကြစေရန် ပြည်တွင်း     စက်ရုံများမှထွက်ရှိ သည့် ယူရီးယားဓာတ်မြေဩဇာ များကို သက်သာသောနှုန်းထား ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက်     ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးနှုန်း အခြေအနေများကြောင့် သွင်းအား စုနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုမှ တစ်ဆင့် အဓိကရိက္ခာ ဆန်စပါး၊ ဆန်ထွက်ပစ္စည်းများကို အခြေခံ ထုတ်လုပ်သော သား၊  ငါးများ အပါအဝင်  စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမှုအပေါ်  ထိ ခိုက်မှု သက်သာလျော့ပါးစေရေး အတွက်   ယနေ့အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ရှိသူများ အကြား ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်