
တပ်ကုန်း ဩဂုတ် ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင် ကျေးရွာအုပ်စု ရေတွင်းဖြူ ကျေးရွာအနီး၊ ရွှေဟိန်းဆန်စက်မှ ဘေးထွက်ပစ္စည်း ဖြစ်သည့် (စပါးခွံ၊ ဖွဲပြာ၊ ဖွဲနု) များနှင့် ကောက်ရိုးများ၊ (EM) ဖျော်ရည် များ၊ နွားချေးများ ပါဝင်ပြုလုပ် သော သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်း သင်တန်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်က အဆိုပါ ဆန်စက်ဝင်းအတွင်း၌ ကျင်းပသည်။
အဆိုပါသင်တန်းနှင့်သရုပ်ပြပွဲတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက တက်ရောက်လာကြသော စိုက်ပျိုး ရေးတောင်သူများ၊ ဆန်စက်ပိုင်ရှင် များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများကို သင်တန်းနှင့် သရုပ်ပြပွဲကျင်းပရခြင်း ရည်ရွယ် ချက်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး ပညာရှင်များအား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကို ချိတ်ဆက်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း မှာကြားခဲ့ပြီး ပြည်ထောင်စု နယ်မြေ နေပြည်တော် စိုက်ပျိုး ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်က သဘာဝမြေဩဇာ သုံးစွဲမှု၊ သီးနှံစုံ စိုက်ပျိုးထုတ်လုပ် မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင် မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ခင်မိုးက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက် သည့် ဆန်စက်များ၏ ဘေးထွက် ပစ္စည်းများမှ သဘာဝမြေဩဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲ နည်းများကို သင်ကြားပို့ချပေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များက (EM)ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း၊ စူပါ ဘိုကာရှီ ပြုလုပ်နည်း၊ (Biochar) စပါးခွံမီးသွေး ပြုလုပ်နည်းများ အား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
မောင်မွှေး