ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော်   ဇန်နဝါရီ      ၁၀


ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊     စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက် အကူဖြစ်စေရန်    ရည်ရွယ်၍   တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ    မြို့နယ်အသီးသီး၌    နယ်မြေခံ တပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်း များ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ  ထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ  မြို့နယ် ငါးမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ  မြို့နယ်    လေးမြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့၊   တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်မြို့နှင့် ကော့သောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အမ်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ         မြို့နယ် ၁၂  မြို့နယ်၊   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်   လေးမြို့နယ်၊    မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့်  ပဲခူးတိုင်းဒေသကြီး  ပြည်မြို့တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့်    တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်း များမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊   ဘဲဥ၊  နို့ထွက်ပစ္စည်းများ၊   ဟင်းသီး ဟင်းရွက်များ၊   ကြက်သွန်နီ၊   ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကွတ်နှင့် စည်သွတ်ဘူးများစသည့်  စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ  ပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်