ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော်  နိုဝင်ဘာ   ၉


တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌   နယ်မြေခံ တပ်မတော်သားများက   တန်ဖိုး သင့်  ထမင်းဟင်းများ၊  ဟင်းသီး ဟင်းရွက်များနှင့်   တပ်မတော် စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်   ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင်        ရှမ်းပြည်နယ် (မြောက်ပိုင်း)    လောက်ကိုင်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ မြို့နယ်လေးမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် မြို့၊   ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ       မြို့နယ် ရှစ်မြို့နယ်၊  ချင်းပြည်နယ် မတူပီ မြို့၊        မကွေးတိုင်းဒေသကြီး အတွင်းရှိ   မြို့နယ်သုံးမြို့နယ်၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်နှင့်   ပဲခူးတိုင်း ဒေသကြီး ပြည်မြို့တို့၌ သက်ဆိုင် ရာ     တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက    တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့်    တပ်မတော်စက်ရုံ များမှ  ထုတ်လုပ်သည့် ခေါက်ဆွဲ ခြောက်၊ ဘီစကွတ်နှင့် စည်သွတ် ဘူးများ စသည့်စားသောက်ကုန် ပစ္စည်းများကို   ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများ ဖြင့်  ရောင်းချပေးခဲ့ကြောင်း  သိရ သည်။                      

သတင်းစဉ်