
နေပြည်တော် နိုဝင်ဘာ ၂၉
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေ ရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များ နှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ သည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၀မြို့နယ်၊ မကွေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင် နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများ ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်