
ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၆
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် တစ်နှစ်အောက်ကလေးငယ်များ အား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကို ယမန်နေ့က ဆွမ်ပရာဘွမ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ကလေး ငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဆေးမှတ်တမ်းများ ရေးသွင်းခြင်း ဖြင့် ကျန်းမာရေးစစ်ဆေးကာ တစ်နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးများထိုးနှံပေးသည်။
ဆက်လက်၍ ကလေးငယ်မိခင်များကို ဆွမ်ပရာဘွမ်မြို့နယ် မိခင် နှင့် ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ဂျေလုဂျာ က ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှင်းလင်းပြောကြားပြီး ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက အာဟာရဖြည့်အစားအစာများကို လှူဒါန်းပေးသည်။
မြို့နယ်(ပြန်/ဆက်)