
ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းဖြန့်ဝေခြင်းကို ယမန်နေ့က ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဆောင်ရွက်သည်။
အဆိုပါ နှာခေါင်းစည်းဖြန့်ဝေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်း ၁၀ ထုပ်ပါ အထုပ်၂၄၀ ကို ပေးအပ်ရာ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဦးခိုင်မင်းအောင်က လက်ခံသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်သော အဖွဲ့များက KGတန်း မှ Grade 11 တန်းအထိ နှာခေါင်းစည်းများ ဖြန့်ဝေ ပေးသည်။ (အပေါ်ပုံ) ကျောင်းသား ကျောင်းသူများ အား စာမေးပွဲကြီးဖြေဆိုရန်နီးကပ်လာသဖြင့် ကျောင်းစာများကို ကြိုးစားကြရန်၊ မိမိတို့ကျောင်း အောင်ချက် မြင့်မားလာစေရန်၊ မိမိကျန်းမာရေးကို ဂရုစိုက်ကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် လက်များ မကြာခဏ ဆေးကြောသန့်စင်ကြရန် မှာကြားကာ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးကြောင်း သိရ သည်။
ဟင်နရီမီးကိုဆာ