
နေပြည်တော် ဇန်နဝါရီ ၁၁
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များသည် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင် တပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ ဥတ္တမသီရိထံမှ ငါးပါး သီလခံယူဆောက်တည်ပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် သံဃာ တော်များထံသို့ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းပြီး (အပေါ်ယာပုံ) သံဃာ တော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အလားတူ ဇန်နဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းနှင့် တန့်ယန်း မြို့ရှိ ရွှေမောင်းသာသနာဝေပုလ္လ သီလရှင်စာသင် တိုက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့၊ ကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် နမ့်စန်မြို့ အမှတ် (၂)မိုးကုတ်ဝိပဿနာ ကျောင်းတိုက်၊ မွန်ပြည်နယ် သထုံမြို့၊ ဇရဇ်ချောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း ခုနစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဓမ္မဗိမာန်ကျောင်းတိုက်၊ အိမ်မဲမြို့ရှိ အိမ်မဲမင်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း ငါးကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ သီလရှင်စာသင် တိုက် သုံးကျောင်း၊ မကွေးတိုင်းဒေသကြီး စကုမြို့ စွယ်တော်ကုန်းတောရကျောင်း၊ ချောက်မြို့ မဟာ ဝိဇိတာရုံဆင်ဖြူကျွန်းကျောင်းတိုက်နှင့် မိချောင်းရဲ မြို့ရှိ သီလရှင်ကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ဦးပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေ ဘိုးဘွားရိပ်သာနှင့် မြင်းခြံမြို့နယ် မြင်းခြံဘိုးဘွား ရိပ်သာတို့ရှိ အဘိုး၊ အဘွားများအား နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်း ကြပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော်များအား ဆွမ်းဆန် တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီး သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်