ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ  ၃၀
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်   သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊  ဆီ၊   ဆား၊  ပဲ အမယ် (၄) မျိုးနှင့် လှူဖွယ်ပစ္စည်းများ   လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ်  မြစ်ကြီးနားမြို့ရှိ မဟာဂန္ဓာရုံဘုန်းတော် ကြီးကျောင်းတိုက်၊ ပူတာအိုမြို့ရှိ မန်ပန်ဘုန်းတော် ကြီးကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့ရှိ     နယ်စပ်ဒေသတောင်တန်း    သာသနာပြု ရွှေမောင်းသာသနာဝေပုလ္လသီလရှင်   စာသင်တိုက်၊ ကွမ်းလုံမြို့ရှိ သာသနာ့အလင်းရောင် ဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မိုးကုလားစုကျေးရွာရှိ အောင်ဘုန်းပွင့်ကျောင်းတိုက်၊ လှည်းကူးမြို့နယ် ဆားတလင်းကျေးရွာရှိ ကျူတော ရိုးကျောင်းတိုက်၊  သန်လျင်မြို့နယ်   စစ်ပင်ကွင်း ကျေးရွာရှိ အရှေ့ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသ ကြီး   ပုသိမ်မြို့   အောင်မြေဘုံသာကျောင်းတိုက်၊ ကွင်းကောက်မြို့  သီရိမင်္ဂလာကျောင်းကြီးစာသင် တိုက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်  ကြွီတဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့နယ် စပ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ အောင်မြေရတနာဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး  မုံရွာမြို့နယ်ရှိ   ဇိနမာရ်အောင်တပ်ဦး ကျောင်းတိုက်နှင့် မင်္ဂလာရုံကျောင်းတိုက်၊ ခန္တီးမြို့ရှိ မဟာသုခိတာရာမကျောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်  ဥပုသ်တောင်ရပ်ကွက်ရှိ  ဇိနောဒယသီလရှင်စာသင်တိုက်၊ ပုသိမ်ကြီးမြို့နယ် ချမ်းမြရံသီပရိယတ္တိစာသင်တိုက်နှင့်   နံ့သာတောရ ကျောင်းတိုက်၊ အမရပူရမြို့နယ်  ဖျောက်ဆိပ်ကုန်း ကျေးရွာရှိ  သန္တာဝတီသီလရှင်စာသင်တိုက်၊ မိတ္ထီလာ မြို့   ရတနာမာရ်အောင်ရပ်ကွက်   အောင်ချမ်းသာ ကျောင်းတိုက်နှင့် သရက်ပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊   ကျီးပင်ကုန်းကျေးရွာရှိ    ကျီးပင်ကုန်း ကျောင်းတိုက်၊ ကျောက်ပန်းတောင်းမြို့နယ်  နွယ်ရိုး တောရဓမ္မရိပ်သာ၊ ပြင်ဦးလွင်မြို့ စစ်ဆေးရုံတပ်ဦး ကျောင်းတိုက်၊ ရမည်းသင်းမြို့နယ် မြို့မရပ်ကွက် ရန်အောင်မြင်ကျောင်းတိုက်၊    ပျော်ဘွယ်မြို့နယ် ရှမ်းပွဲရပ်ကွက်   ပါဠိတက္ကသိုလ်ရေလယ်ကျောင်း တိုက်၊ မြစ်သားမြို့နယ် ဖောင်းခရွှေဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး  စကုမြို့  ဇေယျာ မဏ္ဍိတ်သီလရှင်ကျောင်း၊ မိကျောင်းရဲမြို့ မင်္ဂလာ တပ်ဦးဘုန်းတော်ကြီးကျောင်း၊ မကွေးမြို့ ခေမာသီရိ သီလရှင်စာသင်တိုက်၊ စိတ္တသုခကျောင်းတိုက်၊ ငဖဲမြို့ နယ်  မြစ်ဖျားကျေးရွာ    ဘုန်းတော်ကြီးကျောင်း၊ ပန်းထိန်းအုပ်စု ဗိုလ်ကုန်းကျေးရွာ ပွင့်လင်းဘုန်း တော်ကြီးကျောင်း၊  သရက်မြို့နယ်  မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အောင်လံမြို့နယ် ရွာထောင် ရပ်ကွက်  ဆုတောင်းပြည့်ရွာလယ်  ဘုန်းတော်ကြီး ကျောင်း၊ ရေနံချောင်းမြို့ ဆားတိုင်ဘုန်းတော်ကြီး ကျောင်း၊ မင်းဘူးမြို့ မုဒိတာသီလရှင်စာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝင်းရပ်ကွက်ရှိ နဝင်း ဝါဆိုဘုန်းတော်ကြီးကျောင်းတို့မှ   သံဃာတော်များ နှင့်   သာသနာ့နွယ်ဝင်သီလရှင်များအား  ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြ ပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မန်းတောင်ခြေဘိုးဘွား ရိပ်သာနှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ဖန်ခါး မြေဘိုးဘွားရိပ်သာတို့မှ    အဘိုးအဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်နှင့် မကွေးတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများ က အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ် ရာများ သွားရောက်လှူဒါန်းသည်။
သတင်းစဉ်