
ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖိုင်ဘာကွန်ရက် (Metropolitan Fiber Network)စနစ်ဆောင်ရွက် ခြင်းလုပ်ငန်းအတွက် အရေးပါသည့် Smart Pole/ Mono Pole ဆက်သွယ်ရေးတိုင် စိုက်ထူခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီများ နှင့် စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ယမန်နေ့က ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဆက်သွယ်ရေးအခြေခံ အဆောက်အအုံ များ တည်ဆောက်လျက်ရှိရာ ဆက်သွယ်ရေး တာဝါ တိုင်များတည်ဆောက်ခြင်း၊ ဖိုင်ဘာကြိုးများ သွယ် တန်းခြင်းလုပ်ငန်းများကို စနစ်တကျရှိစေရေးနှင့် တရားမဝင်သွယ်တန်းခြင်း၊ စိုက်ထူခြင်းများမရှိစေ ရေး BOT စနစ်ဖြင့် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် ကတည်းက တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး ယခု တင်ဒါ အောင်မြင်သော ကုမ္ပဏီလေးခုနှင့် စာချုပ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ စာချုပ်ပါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရန်နှင့် တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် စည်းကမ်းတကျရှိစေရေး၊ တရားမဝင်လုပ်ဆောင် မှုများ ပပျောက်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက် ကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တင်ဒါ အောင်မြင်သောကုမ္ပဏီ လေးခုတို့မှ တာဝန်ရှိသူများ က စာချုပ်လက်မှတ်ရေးထိုးကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများ၏ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)