ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်   ဇွန်    ၈
တပ်မတော်  (လေ)    အနေဖြင့် သဘာဝဘေးသင့်    ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊  ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်   ရခိုင်တိုင်းရင်းသား အဖွဲ့မှ    အနုပညာရှင်  ၁၀   ဦး၊ စေတနာရှင်၊    အလှူရှင်များက လှူဒါန်းသည့်    အခြေခံစားကုန်၊ အိမ်သုံးပစ္စည်းနှင့် ကယ်ဆယ်ရေး ပစ္စည်း စုစုပေါင်း ၃ ဒသမ ၃ တန် တို့ကို ရန်ကုန်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်းများကို   တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့်    အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ    ယနေ့ အချိန်အထိ     ထောက်ပံ့ရေးပစ္စည်း ၄၈၃ တန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများ နှင့် ဌာနဆိုင်ရာဝန်ထမ်း ၃၂၅၄ ဦး တို့ကို       ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့်       အဆိုပါကူညီ ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်  ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ ဖြန့်ဖြူးလျက်ရှိရာ  တာဝန် ရှိသူများက လက်ခံရယူပေးကြ ကြောင်း သိရသည်။   သတင်းစဉ်