ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇွန်    ၁၀


တပ်မတော်(လေ)    အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများ သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊    စေတနာရှင်အလှူ ရှင်များက   လှူဒါန်းသည့်   စား သောက်ဖွယ်ရာများ၊      ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊  အမျိုး သား     သဘာဝဘေးအန္တရာယ်  ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်    ပစ္စည်း များကို    တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်     ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

 


ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာနမှ လှူဒါန်းသော  ကျောင်းသုံးပစ္စည်း နှင့် စေတနာရှင်၊  အလှူရှင်များကလှူဒါန်းသည့် အခြေခံစားကုန် စုစုပေါင်း ၂ ဒသမ ၃တန်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

 


သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေးပစ္စည်း ၄၉၃ ဒသမ ၃ တန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့်   တပ်မတော်သားများနှင့်   ဌာနဆိုင်ရာ ဝန်ထမ်း ၃၂၇၆ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသ များသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန် ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်