ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇွန်    ၉


တပ်မတော်    (လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများ သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့်  စားသောက် ဖွယ်ရာများ၊  ကူညီထောက်ပံ့ရေး ပစ္စည်းများ၊   အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ကော်မတီက   ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကို တပ်မတော် လေယာဉ်၊  ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

 


ထိုသို့   ပို့ဆောင်ပေးလျက်ရှိ ရာ    ယနေ့တွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ  ချထားရေးဝန်ကြီးဌာနမှ   ပေးပို့ သော ဆန်အိတ် ၁၆၀   (ရှစ်တန်)ကို    မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   ကလေးလေဆိပ်သို့ လည်းကောင်း တပ်မတော်(လေ)ရှိ လေယာဉ်များဖြင့်  ပို့ဆောင်ပေး ခဲ့သည်။

 


သဘာဝဘေးဒဏ်သင့် ဒေသ များရှိ      ပြည်သူများအတွက် ကယ်ဆယ်ရေး     ပစ္စည်းများကို တပ်မတော်(လေ)မှ    လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်   အချိန်နှင့် တစ်ပြေးညီ   ပို့ဆောင်ပေးလျက် ရှိရာ   ယနေ့အချိန်ထိ  ထောက်ပံ့ ရေး ပစ္စည်း ၄၉၁ တန်၊  ပြန်လည် ထူထောင်ရေး  လုပ်ငန်းများတွင် ကူညီ    ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့်   ဌာန ဆိုင်ရာဝန်ထမ်း    ၃၂၆၀ တို့အား  ပို့ဆောင်    ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့   ရောက်ရှိသည့် ကယ်ဆယ်ရေး   ပစ္စည်းများအား မုန်တိုင်းဒဏ်သင့်   ဒေသများသို့  ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါ   တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသော    ပစ္စည်းများကို တာဝန်ရှိသူများက    လက်ခံရယူ ပေးကြကြောင်း      သတင်းရရှိ သည်။


သတင်းစဉ်