ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော  ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

 

နေပြည်တော်    ဇွန်   ၂၉


ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်း    တိုက်ခတ်မှုကြောင့်           ထိခိုက် ပျက်စီးဆုံးရှုံးမှုများ    ဖြစ်ပေါ်ခဲ့ သော        ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်     ပြည်သူများ အား       လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန်      တပ်မ​​တော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ်      တစ်စင်း သည်      ရခိုင်ပြည်နယ်အစိုးရက  ဆန် ၁၃၅ အိတ်၊    စားဆီဘူး    ၂၇၀၀၊ ကော်ဖီမစ် ၁၀ ဖာ၊ နို့မှုန့် လေးဖာ၊ ရေသန့်ကတ် ၅၇၀၊    ငါးပိ ကြော် တစ်ဖာ၊  ခေါက်ဆွဲခြောက် ဖာ ၁၁၀ နှင့်  ဆေးဝါးပစ္စည်းမျိုးစုံ ၉၄ ဖာ စုစုပေါင်း ကုန်တန်ချိန် ၁၄ ဒသမ ၅   တန်ကို     စစ်တွေမြို့၌ တင်ဆောင်၍   မာန်အောင်မြို့သို့ ယနေ့ညနေပိုင်းတွင်      ထွက်ခွာ သွားသည်။

 


အဆိုပါ စစ်ရေယာဉ်မှ သယ် ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး  ပစ္စည်းများအား တာဝန်ရှိသူများထံသို့    စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ် သင့်ပြည်သူများထံသို့  အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်