
နေပြည်တော် မေ ၁၁
ယနေ့ ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကာကီနာဒါမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂၀ ခန့်၊ မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၇၂၀ ခန့်နှင့် ဂွမြို့၏ အနောက်ဘက် ရေမိုင် ၇၄၀ ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။
ဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးပါသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်
လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ ”သည် ညနေ ၅ နာရီခွဲ တွင် မြောက်လတ္တီကျု ၁၆ ဒသမ ၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၁ ဒသမ ၈ ဒီဂရီတွင် ရှိပြီး ဗဟိုချက်လေဖိအား ၉၉၃ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်နှုန်းခန့်ဖြစ်သည်။
နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်- အရှေ့ မြောက်ဘက် သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ ကာကီနာဒါနှင့် ဗီဆာကာပတ္တနမ်ကမ်းခြေများ တစ်လျှောက်သို့ ရွေ့လျားနိုင်ပြီးနောက် ဘင်္ဂလားပင်လယ်အော်အနောက် အလယ် ပိုင်း (အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းရိုးတန်းအနီး)သို့ ရောက်ရှိနိုင်သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၂ ရက်တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့ ညမှ မေ ၁၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အဆိုပါဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ”၏ အရှိန် ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
မိုး/ဇလ