
နေပြည်တော် ဒီဇင်ဘာ ၉
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ တမီးလ်နာ ဒူးမြောက်ပိုင်း ကမ်းလွန် - ပူဒူချယ်ရီကမ်းခြေ)တွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်စ်” သည် အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း မြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၇၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၈၄၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ ဂျက်ဖ်နာ မြို့၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။
ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်စ်” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်စ်” သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တွင် မြောက်လတ္တီကျု ၁၁ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀ ဒသမ ၆ ဒီဂရီတွင် ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းခန့် ဖြစ်သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်စ်” သည် အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး (၁၀.၁၂.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကိုပူဒူချယ်ရီမြို့နှင့် စရီဟာရီခိုတမြို့တို့အကြားမဟဘာလီပူရမ် မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်စ်” ၏အရှိန်ကြောင့် ယနေ့ညမှ နောက် ၂၄ နာရီ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “မန်း ဒပ်စ်”၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိ ပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေ ကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ