­­­ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

 

နေပြည်တော်   ဇွန်   ၂၄ 


ဆိုင်ကလုန်းမုန်တိုင်း  မိုခါတိုက်ခတ်မှုကြောင့်  ထိခိုက်ပျက်စီးဆုံးရှုံးမှု များ  ဖြစ်ပေါ်ခဲ့သော   ရခိုင်ပြည်နယ်အတွင်းရှိ    မုန်တိုင်းဒဏ်သင့်ပြည်သူ များအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ) မှ စစ်ရေယာဉ်(မြစ်ကြီနား) သည်   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက    ဆန် အိတ် ၈၂၁၀ ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းက ဒဂုံ ရမ်/ အချိုရည် ၁၇ အိတ် စုစုပေါင်း ကုန်တန်ချိန် ၄၆၆ ဒသမ ၄၅ တန်ကို  ရန်ကုန်မြို့   ဗိုလ်အောင်ကျော်      ဆိပ်ကမ်းတံတား၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ပို့ဆောင်ရန် ထွက်ခွာသွားသည်။

 


အဆိုပါ  စစ်ရေယာဉ်မှ  သယ်ဆောင်လာသည့်   ထောက်ပံ့ရေးနှင့်   ကယ်ဆယ်ရေးပစ္စည်းများအား   တာဝန်ရှိသူများထံသို့   စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့     အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။      

သတင်းစဉ်