ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်  ဇွန်  ၂၈


တပ်မတော်(လေ)    အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများ သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

 


ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် မိုခါရန်ပုံငွေပဒေသာ ကပွဲနှင့်  လေးပွင့်ဆိုင်  ဘောလုံး ပြိုင်ပွဲတို့မှ   ရရှိသောငွေများကို ရခိုင်ပြည်နယ်ရှိ    ဘေးသင့်ပြည်သူ များထံ    ကိုယ်တိုင်သွားရောက် လှူဒါန်းရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် များနှင့် အားကစားသမားဟောင်း များ ၆၄ ဦးကို  လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့်    ASEAN Coordinating  Centre   For Humanitarian Assistance on disaster management(AHA Centre) တို့မှ   လှူဒါန်းသည့် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက   လှူဒါန်းသည့် အခြေခံ  စားသောက်ကုန်ပစ္စည်း များ ၁၀ ဒသမ ၃၀၉ တန်ကိုလည်း ကောင်း   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ် သို့ တပ်မတော်(လေ)မှ လေယာဉ် များဖြင့် ပို့ဆောင်ပေးခဲ့သည်။

 


ဆက်လက်ပေးပို့ဖြန့်ဖြူး


သဘာဝဘေးဒဏ်သင့်ဒေသ များရှိ       ပြည်သူများအတွက် ကယ်ဆယ်ရေး   ပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့် တစ်ပြေးညီ   ပို့ဆောင်ပေးလျက် ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေးပစ္စည်း ၅၄၉ ဒသမ ၉ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေးကြ မည့် တပ်မတော်သားများနှင့် ဌာန ဆိုင်ရာဝန်ထမ်း  ၃၅၂၁   ဦးတို့ကို  ပို့ဆောင်  ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့    ရောက်ရှိသည့် ကယ်ဆယ်ရေး    ပစ္စည်းများအား မုန်တိုင်းဒဏ်သင့်     ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန် ရှိသူများက လက်ခံရယူပေးကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်