ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

 

နေပြည်တော်  ဇူလိုင်    ၁၂ 


ဆိုင်ကလုန်းမုန်တိုင်း       မိုခါ (MOCHA)   တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့သော   ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်    ပြည်သူများ အား      လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန်     တပ်မ​​တော်(ရေ)မှ စစ်ရေယာဉ် (မြစ်ကြီးနား) သည် လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာနက  ဆန်အိတ်  ၆၀၀၀၊ စားသောက်ကုန်နှင့် အထွေထွေ ပစ္စည်း ၁၁၃၈ အိတ်၊ စက္ကူ ၂၉၉ ဖာ၊ ရေသန့် ခြောက်ဘူးပါ ၁၅၆၉၇ ကတ်၊    အဝတ်  ၁၅၉၅   ထုပ်၊ စာအုပ် တစ်ထုပ်၊  သောက်ဆေး ၁၂၃  ဖာ၊    သစ်တောဦးစီးဌာနက စစ်တွေမြို့တွင် ပြန်လည်စိုက်ပျိုး ရန်အတွက်      မဟော်ဂနီပင် ၂၃၆၅၀၊     မဲဇလီပင်    ၃၀၀၀၊ ရေတမာပင် ၁၇၀၊ မန်ဂျန်ရှားပင် ၉၀၀၀   စုစုပေါင်း   ကုန်တန်ချိန် ၄၄၁   တန်ခန့်ကို    ရန်ကုန်မြို့ ဗိုလ်အောင်ကျော်       ဆိပ်ကမ်း တံတား၌   တင်ဆောင်၍   ယနေ့ စစ်တွေမြို့သို့ ထွက်ခွာသွားသည်။ 


အဆိုပါ        စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကို တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်၍     မုန်တိုင်း ဒဏ်သင့်ပြည်သူများထံ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်