
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးလုံး၊ ဈေး တစ်ခု၊ လေဆိပ် နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံး
နေပြည်တော် မေ ၁၆
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) မေလ ၁၄ ရက်တွင် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည်။
ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် အသေးစိတ် ထပ်မံစိစစ်ခဲ့ရာ မေ ၁၅ ရက် ညပိုင်းအထိရရှိသော စာရင်းများအရ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိက အဆောက်အဦ သုံးလုံး၊ ဘုန်း တော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း သုံးကျောင်း၊ လေဆိပ်အဆောက်အဦ တစ်ခု၊ ဓာတ်မီးတိုင် ရှစ်တိုင်၊ ထရန် စဖော်မာ တစ်လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ တစ်လုံး၊ အုတ်နံရံ တစ်ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉ လုံး၊ သာသနိက အဆောက်အဦ တစ်လုံး၊ ဘုန်း တော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးရုံ/ဆေးခန်း နှစ်ခု၊ ဓာတ်မီး တိုင် လေးခု၊ ဌာနဆိုင်ရာအဆောက် အဦ ၃၀၊ ဘောလုံးကွင်း တစ်ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် သုံးလုံး၊ ဆက်သွယ် ရေးတာဝါတိုင် ခြောက်တိုင်၊ ဓာတ်မီးတိုင် နှစ်တိုင်၊ ထရန် စဖော်မာ တစ်လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊ တံတား သုံးစင်း၊ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ရွာမှ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် တစ်တိုင်၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ ၃၄ ရွာမှ လူနေအိမ် လေးလုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊ တံတား တစ်စင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ တစ်ရွာမှ သာသနိက အဆောက်အဦ လေးခု၊ မွန် ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ လေးရွာမှ လူနေအိမ် တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဓာတ်မီးတိုင် ၁၄တိုင်၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၈၇ ရွာမှ လူနေအိမ် ၁၁၁၀၆ လုံး၊ သာသနိကအဆောက် အဦ ၆၃ ခု၊ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ စာသင်ကျောင်း ၁၁၈ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂ ခု၊ ဈေး တစ်ခု၊ လေဆိပ်အဆောက်အဦ တစ်ခု၊ ဆက်သွယ်ရေး တာဝါတိုင် တစ်ခု၊ ဓာတ်မီးတိုင် ခုနစ်တိုင်၊ ထရန်စဖော်မာ တစ်လုံး၊ ဌာန ဆိုင်ရာ အဆောက်အဦ ၇၂ လုံး၊ အခြားပျက်စီးမှု ၃၉၂ ခု၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၆၅ ရွာမှ လူနေအိမ် ၃၁ လုံး၊ သာသနိကအဆောက်အဦ တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင် ၆၀၊ ထရန်စဖော်မာ နှစ်လုံး၊ ဌာန ဆိုင်ရာ အဆောက်အဦ ခြောက်လုံး၊ ဘောလုံးကွင်း နှစ်ကွင်း၊ အုတ် တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာတစ်ရွာ မှ လူနေအိမ် နှစ်လုံး၊ ဘုန်းတော် ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊ သာသနိက အဆောက်အဦတစ်လုံး၊ ဘုန်းတော် ကြီးကျောင်း ငါးကျောင်း၊ စာသင် ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ငါးခု၊ ဓာတ်မီးတိုင် ကိုးတိုင်၊ ဌာနဆိုင်ရာအဆောက် အဦ သုံးလုံး၊ အခြားပျက်စီးမှု လေးခု ပျက်စီးဆုံးရှုံးခဲ့ပြီး ရခိုင် ပြည်နယ်အတွင်း ကူညီကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် သေဆုံးသူ ၂၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သေဆုံးသူတစ်ဦးရှိကြောင်း သိရှိ ရသည်။
သို့ဖြစ်၍ မေ ၁၅ ရက် ညပိုင်း အထိ ရရှိသော စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတို့တွင် စုစုပေါင်း ပျက်စီး ဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ ရပ်ကွက်/ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိကအဆောက် အဦ ၇၃ လုံး၊ ဘုန်းတော်ကြီး ကျောင်း ၄၇ ကျောင်း၊ စာသင် ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးလုံး၊ ဈေး တစ်ခု၊ လေဆိပ် နှစ်ခု၊ ဌာန ဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ကြောင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အသင့်ပြင်ဆင်စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပရဟိတလူမှုကူညီ ရေး အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်