
နေပြည်တော် ဇွန် ၂၇
တပ်မတော် (လေ) အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများ သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ ဖြင့် ကူညီ ပို့ဆောင်ပေးလျက် ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာ ရှင် အလှူရှင်များက လှူဒါန်းသည့် ဆန်၊ ကြက်သွန်နီ၊ ငါးခြောက် ကြော်၊ ငါးသေတ္တာ စသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ စုစုပေါင်းတန်ချိန် ၃ ဒသမ ၃၈၂ တန်အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ် သို့ တပ်မတော် (လေ) မှ လေယာဉ် ဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့်ဒေသ များရှိ ပြည်သူများအတွက် ကယ် ဆယ်ရေးပစ္စည်းများကို တပ်မတော် (လေ) မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၃၉ ဒသမ ၆ တန်၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်း ၃၄၂၂ ဦး တို့ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း နှင့် လေဆိပ်များသို့ ရောက်ရှိ သည့် ကယ်ဆယ်ရေးပစ္စည်းများ အား မုန်တိုင်းဒဏ်သင့် ဒေသ များသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ ဖြန့်ဖြူးလျက်ရှိ ကြောင်းနှင့် အဆိုပါ တပ်မတော် လေယာဉ်/ ရဟတ်ယာဉ်များ ဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံ ရယူပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်