ဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်

 

နေပြည်တော်   နိုဝင်ဘာ  ၁၇


ဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ”အခြေအနေ 


ယနေ့ ညနေ  ၅  နာရီခွဲ  တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းနှင့်   ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ” သည်  မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို  ခီပူပါရာမြို့အနီးမှ   ဖြတ်ကျော် ဝင်ရောက်လျက်ရှိသည်။ 
နောက် ၁၈ နာရီအတွင်း ခန့်မှန်းချက်


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း  “မစ်ဟီလီ”သည် မြောက်- အရှေ့မြောက်ဘက်သို့     ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်း သော    မုန်တိုင်းငယ်အဖြစ်သို့   လည်းကောင်း၊  ၁၈ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားနိုင် သည်ဟု ခန့်မှန်းရပါသည်။


သတိပေးနှိုးဆော်ချက်


ဆိုင်ကလုန်းမုန်တိုင်း  “မစ်ဟီလီ” ၏  အရှိန် ကြောင့် ယနေ့ညမှ နောက်  ၂၄ နာရီအတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊   ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့်    ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  ချင်းပြည်နယ်နှင့်  ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး   အချို့ဒေသများတွင်   နေရာကွက်၍ မိုးကြီးနိုင်သည်ဟု    ခန့်မှန်းရသည်။   သို့ဖြစ်ပါ၍ ယနေ့ညမှ နောက် ၂၄ နာရီအတွင်း  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည်  တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်  ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။ 


အကြံပြုချက်


သို့ဖြစ်ပါ၍  ဆိုင်ကလုန်းမုန်တိုင်း “မစ်ဟီလီ” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီး ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ  မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့်  ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊    ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်  နေထိုင်ကြ သူများအနေဖြင့်  ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့်   ကြိုတင်သတိပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ  ကမ်းနီး၊  ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း     ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ