မြစ်ကြီးနား အောက်တိုဘာ ၁၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ်ဖွင့်ပွဲကို အောက်တိုဘာ ၁၂ ရက်က ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက် ဝါရှောင်သွား လမ်းမဘေးရှိ အဆိုပါ ဈေးသစ် အဆောက်အအုံနေရာ၌ ကျင်းပ ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် ဝန်ကြီးများ တက်ရောက်ကြသည်။
ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှု ဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည် ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေးသစ်ကို တာဝန်ယူ ဆောက် လုပ်ခဲ့သည့် မြစ်ကြီးနား ညီအစ်ကို များ စပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန် ယိန်းချမ်းက စျေးသစ်တည် ဆောက်ပြီးစီးမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အမှတ် (၂)ဈေးသစ်ကို ပြည်နယ် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ယာယီ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်းချမ်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဈေးသစ်ဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ အမှတ် (၂)ဈေးသစ်အတွင်း တည်ဆောက်ပြီးစီးမှုများ၊ ပျံကျ ဈေးဆိုင်ခန်းများနှင့် ဈေးခေါင်း ရုံး၊ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဝိုင်းမော်မြို့ အမှတ် (၂)ဈေးသစ်ကို မြို့၏လိုအပ်ချက် အရ ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီ လမ်းပေါ်ရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်မြေ ၂ ဒသမ ၃၆၂ ဧက ပေါ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၂၅၀၈ ဒသမ ၁၆ သန်း ဖြင့် ၂၀၂၀ မေလအတွင်းက စတင် တည်ဆောက်ခဲ့ကာ ပျံကျ ဈေးဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ပါဝင် သည့် တစ်ထပ်အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)