ဆိုမာလီယာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်း၊ ၂၉ ဦးထက်မနည်းသေဆုံး

 

မိုဂါဒစ်ရှူး   နိုဝင်ဘာ    ၈ 


ဆိုမာလီယာနိုင်ငံတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်းမှု ဖြစ်ပွားခဲ့သောကြောင့်   ၂၉    ဦး ထက်မနည်း      သေဆုံးခဲ့ပြီး ၈၅၀၀၀၀ ကျော်   ဘေးလွတ်ရာ သို့  ပြောင်းရွှေ့ခဲ့ကြောင်း   သဘာဝ ဘေးအန္တရာယ်    စီမံခန့်ခွဲရေး အာဏာပိုင်များက   ပြောကြားခဲ့ သည်။ 


ဂျူဘားနှင့်      ရှာဘယ်လီမြစ် ကြောင်းတစ်လျှောက် မြစ်ရေလျှံ မှုကြောင့်  လူပေါင်း    ၃၀၅၀၀၀   ကျော်    ရွှေ့ပြောင်းခဲ့ရကြောင်း ဆိုမာလီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲ မိုဟာမက် မိုအာလင်က ပြောကြား ခဲ့သည်။ 
မိုးသည်းထန်စွာ   ရွာသွန်းခဲ့ သောကြောင့်    ၂၉    ဦး  သေဆုံး ခဲ့ပြီး  ဒဏ်ရာအနာတရ ဖြစ်စေခဲ့ရုံ သာမက        ပိုင်ဆိုင်မှုများလည်း ပျက်စီးခဲ့ကြောင်း၊     လူပေါင်း ၈၅၀၀၀၀၀   လည်း   ရေဘေးဒဏ် ခံစားခဲ့ရကြောင်း       မိုဟာလင်က မြို့တော်မိုဂါဒစ်ရှူး၌      သတင်း ထောက်များကို ပြောကြားခဲ့သည်။ 


ဂျူဘားမြစ်ကြောင်း    တစ် လျှောက်  နောက်ထပ်    မြစ်ရေလျှံ နိုင်သောကြောင့်       ဆိုမာလီယာ တောင်ပိုင်းဒေသများ အထူးသဖြင့်    ဂျီဒို၊ ဘာကူးနှင့်  ဘေးဒေသများရှိ    ပြည်သူများကို    သတိဝီရိယနှင့် နေထိုင်ရန်  ၎င်းက  သတိပေးထား သည်။ 
ဆိုမာလီယာ    နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း လည်း ၎င်းက  နောက်ထပ်သတိ ပေးထားသည်။      မြစ်ချောင်း အင်းအိုင်များကို အမှီပြုနေထိုင်သူ များနှင့်   မြေနိမ့်ဒေသများတွင် နေထိုင်သူ ၁ ဒသမ ၂  သန်းခန့်   ရေဘေးဒုက္ခနှင့်    ကြုံတွေ့နိုင် ကြောင်း    ၎င်းက   ဆက်လက် သတိပေးထားသည်။ 


အရေးပေါ်   ကယ်ဆယ်ရေး သမားများသည်   ဆိုမာလီယာ တောင်ပိုင်း လုခ်ဒေသ ရေကြီးမှု အတွင်း ပိတ်မိနေသော လူပေါင်း ၂၄၀၀ ကို ကယ်ဆယ်ရန်  ကြိုးစား ဆောင်ရွက်လျက်     ရှိကြောင်း  လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူး ရုံးက ပြောသည်။ 


ယခု   ဖြစ်ပေါ်လျက်ရှိသော    ရေဘေးက ဆိုမာလီယာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေး ဒုက္ခအကျပ်အတည်းကို     ပိုမို ဆိုးရွားစေသည်။ 


ဆိုမာလီယာနိုင်ငံတွင်   လူ ပေါင်း ၃ ဒသမ ၇ သန်း   အငတ် ဘေးပြဿနာနှင့်    ရင်ဆိုင်နေရ သည်။ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ပြီး    ရေကြီးရေလျှံ ဖြစ်နိုင်သောကြောင့်    ဖော်ပြပါ ပမာဏမှာ ဒီဇင်ဘာလတွင်    ၄ ဒသမ ၃ သန်းအထိ ဆက်လက် မြင့်တက်နိုင်ကြောင်း     ၎င်းက ဆက်လက်ပြောသည်။ 


ဆိုမာလီယာနိုင်ငံသည်       မိုး သည်းထန်စွာရွာမှုကြောင့် ရေကြီး ရေလျှံဖြစ်ပေါ်ခဲ့သော  ဒေသများ ကို    အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။                          

ဆင်ဟွာ