ဆိုမာလီယာဟိုတယ်တိုက်ခိုက်မှုတွင် သုံးဦးသေဆုံး

 

မိုဂါဒစ်ရှူး   မတ်  ၁၅


ဆိုမာလီယာမြို့တော် မိုဂါဒစ်ရှူးရှိ လူသိများသော ဟိုတယ်တစ်ခုကို မတ် ၁၄ ရက်က အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး  ၂၇ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ် ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
သမ္မတနန်းတော်အနီးဖြစ်ပွားသော အဆိုပါ ဟိုတယ်တိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးဦးအပါအဝင် အရပ်သား ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း  ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကက်ဆင်ရာမက်ရော်ဘယ်က သတင်းထောက် များကို ပြောသည်၊။
လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး  အသက်ဆုံးရှုံး ခဲ့ပြီး ပါလီမန်အဖွဲ့ဝင်သုံးဦး အနည်းငယ်ဒဏ်ရာ ရရှိခဲ့သည်။ မိမိတို့၏လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်တိုက်ခိုက်ရေးသမား ငါးဦးကို ထိန်းချုပ်နိုင်ခဲ့သည်။      တိုက်ခိုက်မှုဖြစ်ပွား ရသည့်အကြောင်းရင်းကို    စုံစမ်းစစ်ဆေးလျက် ရှိသည်။ 
ယခင်က     အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို  မကြာခဏခံခဲ့ရသော   ယင်း ဟိုတယ်၌  အစိုးရအရာရှိများနှင့် ဂုဏ်သိက္ခာကြီးမားသောစီးပွားရေးသမားများ မကြာခဏ လာရောက်တည်းခိုလေ့ရှိသည်။ 
အစိုးရကိုဖြုတ်ချရန်  ကြိုးစားနေသည့် အယ်လ်ရှာဘတ်အကြမ်းဖက်အဖွဲ့ကို အဆိုပါ တိုက်ခိုက်မှု၌ တာဝန်ရှိကြောင်း စွပ်စွဲပြောကြား ထားသည်။ အဆိုပါအဖွဲ့သည် အစိုးရအဆောက် အအုံများ၊ ဟိုတယ်များနှင့် အခြားအများပြည်သူ ဆိုင်ရာနေရာများ၌ အလားတူ   အကြမ်းဖက် တိုက်ခိုက်မှုများ     မကြာခဏ  ပြုလုပ်လေ့ ရှိသည်။                                      

ဆင်ဟွာ