ဆိုးလ် မတ် ၂ တောင်ကိုရီးယားသမ္မတ ရွေး ကောက်ပွဲမစမီ တစ်ပတ်အလိုတွင် အာဏာရပါတီနှင့် အကြီးဆုံး အတိုက်အခံပါတီမှ ကိုယ်စား လှယ်လောင်းများသည် ပြည်သူ့ စစ်တမ်းတွင် တစ်စတစ်စအကြိတ် အနယ် ယှဉ်ပြိုင်လျက်ရှိသည်။ မတ် ၉ ရက် ဆန္ဒမဲပေးမှု က လက်ရှိသမ္

 

ဆိုးလ်   မတ်    ၂ 


တောင်ကိုရီးယားသမ္မတ   ရွေး ကောက်ပွဲမစမီ တစ်ပတ်အလိုတွင် အာဏာရပါတီနှင့်     အကြီးဆုံး အတိုက်အခံပါတီမှ    ကိုယ်စား လှယ်လောင်းများသည်   ပြည်သူ့ စစ်တမ်းတွင် တစ်စတစ်စအကြိတ် အနယ် ယှဉ်ပြိုင်လျက်ရှိသည်။ 

 


မတ်  ၉ ရက်    ဆန္ဒမဲပေးမှု က    လက်ရှိသမ္မတ    မွန်ဂျေအင်း နေရာတွင်     အမွေဆက်ခံမည့် သမ္မတသစ်ကို  ရွေးချယ်ပေးမည် ဖြစ်သည်။    တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းသည်    မေလ တွင်  ၎င်း၏  သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 


သမ္မတပြိုင်ပွဲတွင် အာဏာရ ဒီမိုကရက်တစ်ပါတီမှ    လီဂျေ မြောင်နှင့်    အဓိကအတိုက်အခံ ပါတီ     ပြည်သူ့အာဏာပါတီမှ ယွန်ဆုခ်ယော်တို့သည်     ရှေ့မှ ပြေးနေသူများဖြစ်သည်။ 

 


မတ် ၂ ရက်က   ထုတ်ပြန် လိုက်သော   စစ်တမ်းရလဒ်တွင် အတိုက်အခံပါတီမှ     ယွန်သည် ပြည်သူသဘောကျ  ထောက်ခံမှု ၄၆ ဒသမ  ၃    ရာခိုင်နှုန်းရှိပြီး အာဏာရပါတီမှ သမ္မတကိုယ်စား လှယ်လောင်း လီက ၄၃ ဒသမ ၁ ရာခိုင်နှုန်း ရရှိထားသည်။ 
၎င်းတို့သည် မတ် ၂ ရက်က မဲဆွယ်စည်းရုံးရေး မဆင်းကြဘဲ နောက်ဆုံး  တီဗွီစကားစစ်ထိုးပွဲ   အတွက်ကိုသာ        ပြင်ဆင်နေ ကြောင်း သိရသည်။ 


အင်န်အိတ်ချ်ကေ