
နေပြည်တော် ဩဂုတ် ၁၅
ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလူမွန်၊ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အရေးကြီးသောဥပဒေဖြစ်
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုက်ဘာ လုံခြုံရေးဥပဒေ(မူကြမ်း) ကို ရေးဆွဲပြုစုပြီး သက်ဆိုင်ရာအစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများသို့ သဘောထား မှတ်ချက်များ တောင်းခံခဲ့ကြောင်း၊ e-Govern-ment အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အချော သတ် ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ဥပဒေ(မူကြမ်း)အား ဆိုက်ဘာ အရင်းအမြစ်၊ အရေးကြီးသတင်း အချက်အလက် အခြေခံအဆောက် အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်ရန်၊ ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာ အလွဲအသုံးပြုခြင်း တို့ကို ကာကွယ် စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စနစ် တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက် စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင် ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ပြဋ္ဌာန်းလိုခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေး ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)သည် မူဝါဒနှင့် သက်ဆိုင်သည့် အရေးကြီးသော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိ ရသဖြင့် အဆိုပါဥပဒေ (မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်