
နေပြည်တော် ဇူလိုင် ၉
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်၊၊
ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဦးရဲတင့်က ယနေ့ကာလ တွင် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ဆိုက်ဘာတိုက်ခိုက် မှုများလည်း များပြားလာနေပြီး ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုံးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ သတင်းထုတ်ပြန် ခြင်းများကို အွန်လိုင်းအသုံးပြု၍ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် နေသည့်အချိန်တွင် ဆိုက်ဘာ တိုက်ခိုက်မှုများ၊ ဆိုက်ဘာအလွဲ သုံးစားမှုများက တစ်နေ့တခြား ပိုမို များပြားလာကြောင်း။
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ် များအကြား ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း အခွင့် အလမ်း တိုးတက်လာစေရေး တို့သည် ခေတ်နှင့်အညီ လိုအပ် သည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ပြန်ကြားရေး ၀န်ကြီးဌာန၏ Web Portal နှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်း များ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ဝန်ထမ်းများအတွက် အသိပညာ အထောက်အပံ့ရရှိ မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် United Info-Sec Co.,Ltd မှ Director ဦးကျော် စွာမင်းက ဆိုက်ဘာတိုက်ခိုက် မှုများ၏ သဘောသဘာဝ၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက် ဘာတိုက်ခိုက်မှု အမျိုးအစား များ၊ ဆိုက်ဘာလုံခြုံရေးတို့နှင့် စပ်လျဉ်းသည့် အခြေအနေများ ကို ဆွေးနွေးပြောကြားပြီး ဆွေးနွေးပွဲ တက်ရောက်လာသူ များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။
သတင်းစဉ်