ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ -၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှ ကျင်းပသွားမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့်    ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ–၂၀၂၄ (တက္ကသိုလ် အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ် မည်ဖြစ်ပြီး    ပြိုင်ပွဲဝင်လိုသူများအနေဖြင့်  ပြိုင်ပွဲဝင်လျှောက်လွှာနှင့်  ပြိုင်ပွဲဝင်ဖိတ်ခေါ် ခြင်း     အသေးစိတ်အချက်အလက်များကို အောက်ပါ  Link  တွင် Download   ရယူနိုင် ကြောင်း သိရှိရပါသည်-
https://www.ncsc.gov.mm/CAVC2024_RegistrationForm.pdf
https://www.ncsc.gov.mm/CAVC2024_Announcement.pdf
ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့ချီးမြှင့်သွားမည် ဖြစ်ပြီး  ပြိုင်ပွဲတွင်  ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN – JAPAN Cybersecurity Awareness Video Competition - 2024 ပြိုင်ပွဲသို့ နိုင်ငံ ကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက     အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏    ဝဘ်ဆိုက် www.ncsc.gov.mm   သို့  လည်းကောင်း၊ ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
သတင်းစဉ်