ဆိပ်ဖြူဈေးကွက်သို့ တစ်ပတ်အတွင်း ကြက်သွန်နီငါးသိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့

 

မကွေးတိုင်းဒေသကြီး    ဆိပ်ဖြူ ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဇွန် ၂၂  ရက်မှ ၃၀ ရက်အထိ စတုတ္ထပတ် အတွင်း   ကြက်သွန်နီကုန်ချိန် ပိဿာ   ခုနစ်သောင်းခန့်  နေ့စဉ် ဝင်ရောက်ခဲ့ပြီး တစ်ပတ်အတွင်း စုစုပေါင်း ပိဿာချိန် ငါးသိန်းခန့် ကုန်စည်ဒိုင်နှင့်      ပွဲရုံများသို့ ဝင်ရောက်၍    အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ဇွန်လ    စတုတ္ထပတ်အတွင်း ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးထိပ်စ (ရှယ်) ငွေကျပ် ၁၉၅၀ - ၁၉၃၅၊ အလတ်စ ငွေကျပ် ၁၉၀၀-၁၈၀၀ ၊ အနိမ့်ဈေး   ငွေကျပ်  ၁၇၀၀  - ၁၅၀၀    ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်   ဖြစ်ခဲ့ကြောင်း၊ ဇွန်လ         တတိယပတ်တွင် ကြက်သွန်နီထိပ်စ      အမြင့်ဆုံး ဈေးနှုန်းမှာ        တစ်ပိဿာလျှင် ငွေကျပ်    ၂၀၀၀   ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍     ယခု တစ်ပတ်တွင်    ထိပ်စ(ရှယ်)နှင့် အလတ်စ၊       အသေးစတို့မှာ တစ်ပိဿာလျှင် ငွေကျပ် ၅၀ ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများ ကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်     ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့  တင်ပို့ လျက်ရှိပြီး   ပြည်ပပို့ကုန်အဖြစ် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ သို့ တင်ပို့လျက်ရှိကြောင်း၊ ဇွန်လ စတုတ္ထပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း       ပျမ်းမျှပိဿာချိန် ငါးသိန်းခန့်၊   အိတ်ရေအားဖြင့် ၁၆၆၆၇ အိတ်၊  တန်ချိန်အားဖြင့် ၈၁၆   တန်ခန့်   ကုန်စည်စီးဆင်းခဲ့ ကြောင်း သိရသည်။DOCA (မကွေး)