China Foundation for Peace and Development (CFPD)နှင့် မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၀ 
China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက် သည့်    “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ် အခမ်းအနားကို  ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အမှတ် (၁၄)အခြေခံပညာအထက်တန်း ကျောင်းရှိ    ခန်းမ၌     ကျင်းပရာ နေပြည်တော်ကောင်စီ    အဖွဲ့ဝင် ဦးမြင့်စိုး၊    တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိ သူများ၊ China Foundation for Peace and Development(CFPD) အဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်     ဦးမြင့်စိုးက     China Foundation for Peace and Development (CFPD) အဖွဲ့သည် တရုတ် - မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ် ရေးလှုပ်ရှားမှုများ      စီမံကိန်း အတွက်  ၂၀၂၄  ခုနှစ် ဇန်နဝါရီ ၁၀   ရက်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ရှိ    ကျောင်း သား ကျောင်းသူ ၂၀၀၀ကို တရုတ် ယဉ်ကျေးမှုထုတ်ကုန် အခု၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော် လစဉ် စာအုပ်အတွဲ ၃၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅ သိန်း လှူဒါန်း ခဲ့ပါကြောင်း၊ ယခုကဲ့သို့   အခြေခံ ပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာ      ကျောင်းများအတွက် အားကစားပစ္စည်းများနှင့် စာရေး ကိရိယာပစ္စည်းများ လှူဒါန်းပေး သည့်အတွက်  အခြေခံပညာဦးစီး ဌာနကိုယ်စား  အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊   လှူဒါန်းသည့် ပစ္စည်းများသည် ပညာရေးဝန်ကြီး ဌာန    ကျောင်းသားလူငယ်များ အတွက် ဖွံ့ဖြိုးရေးဗလငါးတန်ဖြစ် သည့်   ကာယဗလနှင့်   လွန်စွာ ကိုက်ညီပါကြောင်း၊ ကျောင်းသား လူငယ်များ တန်ဖိုးရှိစွာ သုံးစွဲနိုင် ရေး   စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
ယင်းနောက် China Foun-dation for Peace and Develo-pment (CFPD)   မြန်မာနိုင်ငံရုံး ကိုယ်စားလှယ်  Mr.Wang Lei က လှူဒါန်းမှုနှင့်     ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်   မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း မှ Senior President မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr.Li BoBo  က   အသင်းအား မိတ်ဆက်ပေး၍ နေပြည်တော်ရှိ စာသင်ကျောင်း ငါးကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်းများကို လှူဒါန်း ရာ  သက်ဆိုင်ရာတာဝန်ရှိသူများ က လက်ခံရယူကြသည်။
ဆက်လက်၍  အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်    ဒေါက်တာစိုးမြင့်ထွန်းက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်    စာသင်ကျောင်း ငါးကျောင်း၏ကိုယ်စား ကိုယ်စား လှယ်တစ်ဦးက    ကျေးဇူးတင် ဝမ်းမြောက်စကား   ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်