
ဒမတ်စကတ် သြဂုတ် ၁၁
အဆင့်မြင့် အိုင်အက်စ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် အဘူဆာလမ် အယ်လ်အီရတ်ကီသည် သြဂုတ် ၁၀ ရက်က ဆီးရီးယားနိုင်ငံ ဒါရာ ပြည်နယ်တောင်ပိုင်းတွင် ပြုလုပ် သော ဆီးရီးယားစစ်ဆင်ရေး အတွင်း သူ့ကိုယ်သူ အသေခံ ဗုံးဖောက်ခွဲခဲ့ကြောင်း နိုင်ငံပိုင် ဆာနား သတင်းအေဂျင်စီတွင် သြဂုတ် ၁၁ ရက်က ဖော်ပြသည်။
လုံခြုံရေး သတင်းရင်းမြစ်များ ကို ကိုးကား၍ ဆာနားသတင်း အေဂျင်စီက ဆီးရီးယားလုံခြုံရေး တပ်ဖွဲ့များက ဒါရာအနောက်ပိုင်း အက်ဒွမ်မြို့ရှိ နေအိမ်ကို ဝန်းရံ ထားစဉ် အိုင်အက်စ်ခေါင်းဆောင် သည် သူ့ကိုယ်သူ အသေခံဗုံး ဖောက်ခွဲခဲ့ကြောင်း ဖော်ပြသည်။
သူ့ကိုယ်သူအသေခံဗုံးဖောက် ခွဲခြင်းမပြုမီ အိုင်အက်စ် ခေါင်းဆောင်သည် သေနတ် ဒဏ်ရာအတော်များများ ရရှိထား ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အသေခံဗုံးဖောက်ခွဲမှုကြောင့် အရပ်သားဓားစာခံ တစ်ဦးနှင့် အဝိုင်းခံထားရစဉ် ကြားထဲမှ ညှိနှိုင်းပေးသူတစ်ဦးလည်း သေဆုံး ခဲ့ကြောင်း သိရသည်။ ဒမတ်စကတ် တောင်ပိုင်းရှိ ရာမောက်အိုင်အက်စ် စခန်း ရှုံးနိမ့် ပြီးနောက် အီရတ် လူမျိုး အယ်လ်အီရတ်ကီသည် ဒါရာသို့ တိတ်တဆိတ်ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ