
ဂျီနီဗာ စက်တင်ဘာ ၂၅
၂၀၁၁ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအတွင်း ဆီးရီးယားပဋိပက္ခအတွင်း သေဆုံးရသူ ၃၅၀၂၀၉ ဦးရှိ သည်ဟု ကုလသမဂ္ဂက စက်တင်ဘာ ၂၄ ရက်တွင် လူအခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက် အစည်း အဝေးတွင် အစီရင်ခံစာတင်ပြခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ၏ အချက်အလက်များအပေါ် မူတည်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မီရှဲလ်ဘက်ချလက်က ပြော သည်။
ဆီးရီးယားအစိုးရနှင့် လူမှု အဖွဲ့အစည်းများထံမှ ရရှိသော အချက်အလက်များကို စုစည်း ထားခြင်းဖြစ်သည်ဟုလည်း ၎င်း က ဆက်လက်ပြောကြားသည်။
ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် ၃၅၀၂၀၉ ဦး ရှိပြီး ၎င်းတို့အနက် ၁၃ ယောက် တိုင်းလျှင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးစီ ပါဝင်သည်ဟု ဆက်လက် ပြောကြားခဲ့သည်။
သေဆုံးမှုများမှာ ယခုစာရင်းထက်ပိုမိုများပြားနိုင်ပြီး အချက် အလက် အပြည့်အဝမရှိခြင်း ကြောင့် ဖော်ပြနိုင်ခြင်းမရှိဟု ၎င်း က ဆက်ပြောသည်။
ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ပဋိပက္ခစတင်ခဲ့ပြီး စစ်ပွဲ အသွင်သို့ လျင်မြန်စွာပြောင်းလဲခဲ့ သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ဆီးရီးယားအစိုးရ ကိုယ်စားလှယ် များနှင့် အတိုက်အခံဘက်မှ ကိုယ်စားလှယ်များ ဂျီနီဗာတွင် အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ ကြသည်။ သို့သော်လည်း အဖြေရှာရန် ပျက်ကွက်ခဲ့ကြ သည်။
ဆင်ဟွာ