ဆီးရီးယားငလျင်လှုပ်ရာဒေသ အစားအစာပြတ်လပ်မှုဖြစ်ပေါ် 

 

ဒမတ်စကတ်   ဖေဖော်ဝါရီ   ၁၁    


ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာဒေသတွင် နေထိုင်ကြသည့်သူများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် ငလျင်လှုပ်ခတ်မှုအပြီးတွင် အကူအညီအထောက်အပံ့များ များစွာလိုအပ်လျက်ရှိကြောင်း၊ ယခုအခါ အစားအစာများမှာ ပြတ်လပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့က ပြောသည်။ 

 


ဆီးရီးယားနိုင်ငံ        အနောက်မြောက်ပိုင်း၌ ၉၀  ရာခိုင်နှုန်းသောလူများမှာ  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မှီခိုနေရ ကြောင်းနှင့်  ယင်းအချက်မှာ အဓိကစိုးရိမ်ရသည့် အချက်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အရှေ့အလယ်ပိုင်းဆိုင်ရာ   ဒေသတွင်းညွှန်ကြား ရေးမှူးဖြစ်သူ ကိုရင်းဖလက်ရှာက ပြောသည်။ 

 


အကူအညီပေးရေးအဖွဲ့အဖြစ် အဆိုပါဒေသသို့ ရောက်ရှိနေသော်လည်း စားနပ်ရိက္ခာများ ပြန်လည် ဖြည့်တင်းရမည်ဟု ၎င်းကဆက်ပြောသည်။ တူကီယဲ မှ နယ်စပ်ဖြတ်ကျော်ခွင့် ပိုမိုရရှိရန်လည်း လိုအပ် သည်ဟု ၎င်းကဆက်ပြောသည်။ လတ်တလောတွင် ဖြတ်သန်းခွင့် တစ်နေရာသာရရှိသေးသည်။ အဆိုပါ နေရာသည်လည်း        ငလျင်လှုပ်ခတ်မှုအပြီးတွင် ပိတ်ထားခဲ့ရသည်။ 

 


ထို့နောက် ဖေဖော်ဝါရီ ၉ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ဆီးရီးယားနိုင်ငံသည် ၁၂ နှစ် ကြာ ပြည်တွင်းစစ်အတွင်း ပျက်စီးခဲ့ရသည်။ အရေး ကြီးသည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရာတွင် နှစ်ဖက်စလုံးမှ        ပူးပေါင်းဆောင်ရွက်ကြရန် အပြည်ပြည်ဆိုင်ရာ      ကြက်ခြေနီကော်မတီက တိုက်တွန်းထားသည်။  ဖေဖော်ဝါရီ ၁၀ ရက်က လည်း ဆီးရီးယားသမ္မတ      ဘတ်ရှာအယ်အာဆတ် အစိုးရသည် ပြည်တွင်းစစ် ရှေ့တန်းကိုဖြတ်ကျော် ကာ အကူအညီပေးမှုများကို ခွင့်ပြုပေးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြထားသည်။ ဆီးရီးယား နိုင်ငံ၌   ငလျင်ကြောင့်  သေဆုံးသူဦးရေမှာ  ၃၃၀၀ ကျော် ရှိသည်ဟု သိရသည်။          

အင်န်အိတ်ချ်ကေ