ဆီလျှော့မစားသေးဘူးလား

Type
5

 

မျိုးသူ (ကုန်သွယ်မြှင့်)

 

ဘယ်လိုဆီမျိုးစားကြမလဲ၊ စားအုန်းဆီဈေးတွေမြင့်တက်လာချိန်မှာ ဆီကိုချွေတာစားကြမည်ထင်ပါသည်။ စားအုန်းဆီဈေးတက်သကဲ့သို့ စက်သုံးဆီဈေးလည်း တက်ပါသည်။ လူစားသည့်ဆီနှင့် စက်စားသည့်ဆီများဈေးမြင့်တက်ခြင်းကိုနှိုင်းယှဉ်ကြည့်လျှင်  စက်စားသည့် ဆီကို ယခုခေတ်တွင် ချွေတာရန်ခက်ခဲပါသည်။ သို့သော်လည်း စက်ဆီများမသုံးသည့် Smokeless day ကဲ့သို့ ရက်မျိုးကျင်းပပေးနိုင်ပါသည်။ စက်ဆီထက်စာလျှင် စားဆီကချွေတာရ လွယ်မည်ထင်ပါသည်။ အလားတူပင် စားသုံးဆီမစားသောနေ့များ  သို့မဟုတ် ဆီချွေတာရေးနေ့များကို မိမိတို့ဘာသာအိမ်တွင်း၌  ကျင်းပသင့်ပြီ  ထင်ပါသည်။ တကူးတကကျင်းပရန် ဆိုလိုသည်မဟုတ်ပါ။ နေ့စဉ်စားသုံးနေသော ဟင်းလျာများ၊ အကြော်အလှော်များတွင် ဆီသုံးစွဲမှုကို လျှော့ချလျှင်  ကုန်ကျစရိတ်၊ ထွက်ငွေတစ်ခုကိုလည်း ချွေတာလျှော့ချပြီး ဖြစ်ပါမည်။

 

မြန်မာ့ဓလေ့စွဲလမ်းမှုများနှင့် မြေပဲဆီ


ကျွန်တော်က  စွဲလမ်းခြင်းကို   မြန်မာ့ ဓလေ့ဟု   ပြောလိုပါသည်။   သို့သော် လူတိုင်းလိုလိုတွင် စွဲလမ်းခြင်း သို့မဟုတ် အစွဲများရှိကြပါသည်။  လူပုဂ္ဂိုလ်အစွဲ၊ ဝါဒစွဲ  စသည်ဖြင့် အမျိုးမျိုးရှိကြသည့် အနက်  မြန်မာများသည် Brand များ ကုန်အမှတ်တံဆိပ်များကိုလည်း စွဲလမ်း ကြသည်ကို  တွေ့ရပါသည်။  တံဆိပ် တစ်ခုကိုစွဲမိလျှင်    ထိုတံဆိပ်ပါသမျှ အကုန်ကောင်းသည်ဟု စွဲလမ်းတတ်ကြ ပါသည်။  ထို့ကြောင့်   ကျွန်တော်တို့ ငယ်ငယ်ကစ၍ ပင်နာဆိုးနစ်၊ တိုရှီဘာ၊ ဆိုနီ စသည့် ဂျပန်တံဆိပ်များကို စွဲလမ်း ကြပါသည်။ ထို့နောက်တွင် မော်တော် ကားဆို  တိုယိုတာ၊ ဆိုင်ကယ်ဆို ဟွန်ဒါ စသည်ဖြင့်   စွဲလမ်းကြပါသည်။  ကုန် ပစ္စည်းများကို စွဲလမ်းရာရာ  တံဆိပ်တပ် ထားလျှင် ကောင်းသည်ဟုသာ ထင်မြင် တတ်ကြပါသည်။ ဆေးလိပ်၊ အရက် စသည့်     စွဲလမ်းစေသောအရာများ သာမက တံဆိပ်များကိုလည်းကောင်း၊   အစားအသောက်များကို လည်းကောင်း စွဲလမ်းကြပါသည်။       ဆန်ဆိုလျှင်  ပေါ်ဆန်းမှ၊  ဆီဆိုလျှင်  မြေပဲဆီမှ၊  သကြားဆို ဖြူမှ၊ ကြက်သွန်ဆို မြစ်သား မှ စသည်ဖြင့် စွဲလမ်းကြပါသေးသည်။ ထိုအထဲတွင် နေ့စဉ် မရှိမဖြစ်မှာ ဆန်နှင့် ဆီပင်ဖြစ်သည်ဟု ဆိုကြပါသေးသည်။ ဆန်က မရှိမဖြစ် လိုအပ်သည်ဆိုသည်ကို လက်ခံနိုင်သော်လည်း   စားသုံးဆီကို  မရှိမဖြစ်အဖြစ်     ခံယူတတ်သည်ကို    အံ့ဩရမည်လား မသိတတ်ပါ။ ထိုအထဲ တွင် ဆီဆိုလျှင်  မြေပဲဆီမှဆိုသည့် အစွဲ အလမ်းကိုလည်း သတိထားမိပါသည်။ ထို့ကြောင့်ပင်  မြေပဲဆီအနံ့ထည့်ထား သည့်  စားအုန်းဆီများ  ဈေးကွက်၌ တွင်ကျယ်နေရသည်ဟု  ထင်ပါသည်။  မြေပဲနှင့်  မြေပဲဆီသည် မြန်မာ့လူဦးရေ အားလုံးအတွက် မထုတ်လုပ်နိုင်သည်မှာ ကာလကြာပြီဖြစ်ပါသည်။    စားသောက် ကုန်လုပ်ငန်းများ  ဖွံ့ဖြိုးလာသည်နှင့်အမျှ စားအုန်းဆီ၏ အခန်းကဏ္ဍ  မြင့်မား လာသကဲ့သို့ မြေပဲ ဆီထုတ်လုပ်မှုသည် လည်း  ကျဆင်းခဲ့ သည်ဟု  ဆိုနိုင်ပါသည်။   အိမ်တွင်း       စားသုံးမှုများတွင်လည်း စားအုန်းဆီ၏ အခန်းကဏ္ဍက  မြင့်မား လာသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ၂၀၂၁ နှစ်ဆန်း ပိုင်းမှစတင်ပြီး  စားအုန်း ဆီအပါအဝင် ကမ္ဘာ့စားသုံးဆီများဖြစ် သော နေကြာ၊ ပဲပုပ်၊  စားအုန်းဆီနှင့်  အခြားသော စားသုံးဆီ အမျိုးမျိုးသည် ကမ္ဘာတစ်ဝန်းလုံး ဈေးတက်နေသည်ကို မြင်တွေ့နိုင်ပါသည်။ ယခုအထိ ကျနိုးနိုး နှင့် မျှော်လင့်နေသော်လည်း စားအုန်းဆီ နှင့် အခြားစားဆီအားလုံးသည်      ဈေး မကျပါ။ သို့သော် မြန်မာ့ဈေးကွက်တွင် စားသုံး ဆီများ၏ ဈေးနှုန်းများကိုကြည့် လျှင်  မြေပဲဆီသည်  ထူးထူးခြားခြား   ဈေးမတက်လှဘဲ စားအုန်းဆီ၊  နေကြာ ဆီများက  ဈေးတက်လာသည်ကိုတွေ့နိုင် ပါသည်။   ထိုကဲ့သို့   မြေပဲဆီဈေးက လိုက်ပါမြင့်တက်မှုနည်းခြင်းမှာ ကိုဗစ်-၁၉ ကြောင့်    နယ်စပ်ကုန်သွယ်မှုများ အလွန်အမင်းကျဆင်းသည်နှင့်    အမျှ မြေပဲကိုနယ်စပ်မှ  တင်ပို့ရောင်းချနိုင်မှု နည်းပါးခြင်းကြောင့် ဈေးတက်မှုလည်း နည်းပါးခဲ့ပါသည်။ အဆိုပါ အကြောင်း ရင်းသည် မြေပဲဆီဈေးကိုလည်း အခြား ဆီများကဲ့သို့  အများအပြားဈေးမတက် စေရန်  ပြုလုပ်သည့် အချက်တစ်ခုဟု  ဆိုချင်ပါသည်။ ယခုကဲ့သို ကြုံတွေ့နေ သော       အခြေအနေကို     အဆိုးထဲမှ အကောင်းရှာရမည်ဆိုပါက မြေပဲများကို နယ်စပ်သို့   တင်ပို့ရခက်ခဲသည့်  ယခု ကာလတွင်   ဆီကြိတ်ခွဲမည်ဆိုပါက ပြည်တွင်းဈေးကွက်ကို   မြေပဲဆီဖြင့် ပြန်လည်အစားထိုးနိုင်ပြီလားဟု စဉ်းစား ကြည့်ကြစေလိုပါသည်။ 

 


ဆီလျှော့စားချိန်တန်ပါပြီ


မြန်မာနိုင်ငံ  စားသုံးဆီဈေးကွက် တွင် စားအုန်းဆီသည် ၁၉၉၀ ပြည့်နှစ် ခန့်မှ    စတင်ဝင်ရောက်လာခဲ့ပြီး  ယခု အခါတွင်  မြန်မာ့အကြိုက်  မြေပဲဆီ၊ နှမ်းဆီများကို ကျော်တက်ကာ ဈေးကွက် ဝေစုရာနှုန်းများစွာကို   ပိုင်ဆိုင်ထားပြီ ဖြစ်ပါသည်။  ကိုဗစ်-၁၉ ရောဂါ စတင် သည့် ၂၀၂၀ ပြည့်နှစ်    ဇန်နဝါရီလ နောက်ပိုင်းတွင်     ခရီးသွားလာမှုများ ရပ်တန့်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ  ကျဆင်းခြင်းများကြောင့် စားအုန်းဆီ ထုတ်လုပ်မှုတွင်လည်း  ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်း၊ စက်သုံးဆီဈေးနှုန်းများ စတင်မြင့်တက်ခြင်းနှင့်    ကွန်တိန်နာ ခများ၊    သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်ခြင်းများ ဖြစ်ပေါ်လာပါသည်။ ထို့အပြင် နေကြာနှင့် ပဲပုပ်စိုက်ပျိုးထုတ် လုပ်မှုကျဆင်းခြင်း၊    ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းများ  ဖြစ်ပေါ်နေခြင်း  စသည်တို့ကြောင့် စားအုန်းဆီအပါအဝင်  စားသုံးဆီများအားလုံးသည် စံချိန်တင် ကာ   ဈေးများမြင့်တက်လာပါသည်။ ၂၀၂၀ ပြည့်နှစ်တွင်  တစ်ပိဿာလျှင်  ကျပ်  ၂၀၀၀ ခန့်သာ ရှိသော စားအုန်းဆီ ဈေးသည်   တရိပ်ရိပ်မြင့်တက်ကာ ၂၀၂၁ ခုနှစ်  မတ်လခန့်တွင် ကျပ်  ၃၀၀၀ သို့ လည်းကောင်း   စက်တင်ဘာလတွင်  ကျပ် ၄၀၀၀  သို့လည်းကောင်း   ရောက်ရှိ လာခဲ့ပါသည်။ ယခုအခါနိုင်ငံခြားဈေးများ မြင့်တက်နေသဖြင့်    လည်းကောင်း၊  မလေးရှားတွင် စားအုန်းဆီစက်ရုံများသို့ ပြည်ပလုပ်သားများ     ဝင်ရောက်နိုင်မှု   နည်းပါးသေးသဖြင့်     လည်းကောင်း၊ အင်ဒိုနီးရှားတွင် အခွန်တိုးမြှင့်ကောက် ခံခြင်း၊ ပြည်တွင်းအတွက် ရာခိုင်နှုန်း ၂၀ အထိ  ချန်လှပ်ရခြင်း      စသည့်အချက်များ ကြောင့် လည်းကောင်း၊ ရေနံစိမ်းဈေး များ    မြင့်တက်ခဲ့သဖြင့်      လည်းကောင်း စားအုန်းဆီဈေးများသည်   ပြန်လည် ကျဆင်းမည့် အလားအလာ နည်းပါး လျက်ရှိပါသည်။  ထို့ပြင်  တရုတ်နှင့် အိန္ဒိယဈေးကွက်များ ၏ ဝယ်လိုအားမှာ လည်း ကျဆင်းခြင်းမရှိသည်ကိုတွေ့နေ ရပါသည်။  အဆိုပါ အချက်များကြောင့်  ပေါင်းစပ်    သုံးသပ်ကြည့်မည်ဆိုလျှင် စားအုန်းဆီဈေးသည် အမြင့်ဈေးဖြင့် အချိန်တစ်ခုထိ      ရပ်နေနိုင်ပါသည်။ စားသုံးသူပြည်သူများအနေဖြင့် စားအုန်း ဆီကို  စားသုံးခဲ့ကြသည့် အကြောင်းရင်း မှာ အကြော်ခံခြင်း၊ ဈေးသက်သာခြင်း တို့ကြောင့် အဓိကဖြစ်ခဲ့သဖြင့် ယခုကဲ့သို့ စားအုန်းဆီဈေးများ  မြင့်တက်လာပြီး ပြည်တွင်းမှထုတ်လုပ်သည့်  မြေပဲဆီ၊ နှမ်းဆီ ဈေးနှုန်းများဖြင့် ကွာဟချက်သည် ယခင်ကလောက် မများပြားဘဲ ကွာဟ ချက်   ကျဉ်းမြောင်းလာပြီဖြစ်ပါသည်။ စားအုန်းဆီဈေးများမြင့်တက်ခြင်းနှင့်    မြေပဲဆီဈေးနှုန်း များစွာမတက်ခြင်းတို့ ကို  တွက်ဆပြီး ပြည်သူများအနေဖြင့်  စားအုန်းဆီကို     လျှော့ချစားသုံးပြီး ပြည်တွင်းဖြစ်   မြေပဲဆီ၊  နှမ်းဆီကို စားသုံးသင့်သော  အခြေအနေဖြစ်ပေါ် နေပြီ ဖြစ်ပါသည်။ ဈေးမြင့်တက်ခြင်း ဟူသော    အချက်တစ်ခုတည်းဖြင့်ပင် စားအုန်းဆီကို လျှော့ချစားသုံးသင့်နေပြီ ဖြစ်ပါသည်။ ထိုကဲ့သို့လျှော့ချ  စားသုံး လျှင်    ပြည်သူများအနေဖြင့် ကျန်းမာရေး ပိုကောင်းခြင်း၊  ကုန်ကျ စရိတ်ချွေတာ နိုင်ခြင်း၊  အရည်အသွေးကောင်းသော  စားသုံးဆီများကို    စားသောက်ရခြင်း  စသောအကျိုးကျေးဇူးများကို   ရရှိနိုင်ပါ သည်။  အလားတူပင် နိုင်ငံအနေဖြင့် လည်း       စားအုန်းဆီတင်သွင်းမှုကို   လျှော့ချခြင်းဖြင့်  နိုင်ငံခြား  ငွေကုန်ကျမှု ကို      လျှော့ချနိုင်မည်ဖြစ်ပါသည်။   ထို့အပြင်   ပြည်တွင်း ဆီကြိတ်ခွဲထုတ် လုပ်မှု မြင့်တက်လာပြီး တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု   မြင့်တက်လာနိုင် ခြင်း၊    အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာခြင်း စသောအကျိုးကျေးဇူး များရရှိလာမည်ဖြစ်ပါသည်။ 

 


ကမ္ဘာ့စားအုန်းဆီဈေးကွက်အခြေအနေ


မြန်မာနိုင်ငံဆီကုန်သည်နှင့်    ဆီ လုပ်ငန်းရှင်အများအသင်း၏ နာယက၊ ယခင် ဥက္ကဋ္ဌကြီး ဦးမြင့်ကြူထံမှရသော သတင်းကို ကိုးကားတင်ပြရမည်ဆိုပါက ကမ္ဘာ့ စားအုန်းဆီ  ဈေးကွက် အခြေအနေ သည် အတက်ဘက်သို့ ဦးတည်နေသည် ဟု ဆိုနိုင်ပါသည်။ စားအုန်းဆီဈေးနှုန်း သည် တစ်တန်လျှင် ရင်းဂစ် ၅၅၀၀ အထိ မြင့်တက်နေပြီး  စံချိန်သစ်များ  ထပ်မံ ဖြစ်ပေါ်နိုင်သည်ဟု စောင့်ကြည့်လေ့လာ သူများက       ခန့်မှန်းထားကြပါသည်။ ဆီအုန်းစိုက်ပျိုးပြီး စားအုန်းဆီအမျိုးမျိုး ကို ကမ္ဘာတွင် အများဆုံးတင်ပို့နေသော အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ  ပြည်ပ ပို့ကုန်များအပေါ် အခွန်ကောက်ခံသည့် အပြင်  ပြည်တွင်းဈေးကွက်အတွင်းသို့ လည်း    သတ်မှတ်ပြဋ္ဌာန်းထားသည့် အရေအတွက် ပမာဏကို ကုမ္ပဏီများက မဖြစ်မနေ    ရောင်းချပေးရန်အတွက် ရာခိုင်နှုန်း  ၂၀ ချန်လှပ်ထားရကြောင်း သိရပါသည်။   စားအုန်းဆီအကြမ်းနှင့် အချောများကို တင်ပို့နေသော ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ပမာဏ ၏ ရာခိုင်နှုန်း ၂၀ ကို ပြည်တွင်းဈေးကွက် အတွက်   ဖယ်ထားရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Muha-  mmad Lutfi က ပြောကြားကြောင်း သိရ ပါသည်။ စားအုန်းဆီကုန်ကြမ်း Crud Palm Oil သည် ပြည်တွင်းဈေးကွက်တွင် ရောင်းဈေး တစ်ကီလိုဂရမ်လျှင် ရူပီယာ ၉၃၀၀(အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၅)ဖြင့်  ရောင်းချရန်  ဈေးနှုန်းသတ်မှတ် ပြဋ္ဌာန်းထားပါသည်။  ဟင်းသီးဟင်းရွက် ဆီအမျိုးမျိုးရှိသည့်အနက် စားအုန်းဆီကို အများဆုံးတင်ပို့နေသော  အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းချက်အသစ် ကြောင့်  တင်ပို့မှု ပမာဏလျော့ကျနိုင်ပြီး  ဈေးနှုန်းမြင့်တက်ချိန်၊ ဒုတိယ အများဆုံး တင်ပို့သည့် မလေးရှားနိုင်ငံတွင်လည်း    စိုက်ခင်းလုပ်သားရှားပါးမှုကြောင့်   စိုက် ပျိုးထုတ်လုပ်မှုလျော့ကျခြင်းကို ကြုံနေ ရပြီး ဈေးတက်လျက်ရှိနေသည်ဟု ဆိုပါ သည်။ အခြား  ဟင်းသီးဟင်းရွက်ဆီများ ဖြစ်သော ပဲပုပ်ဆီနှင့် နေကြာဆီများသည် လည်း   ဈေးနှုန်းများမြင့်တက်လျက်ရှိ ပါသည်။      

 

 
အင်ဒိုနီးရှားမှ  ကြေညာချက်ကြောင့် ဧပြီလအတွက်   ကြိုရောင်းကြိုဝယ် ဈေးနှုန်းများသည် ဝယ်ဈေးနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်လျှင် မလေးရှားရင်းဂစ်  ၅၅၀၀ အထိ  မြင့် တက်သွားခြင်း ဖြစ်ပါသည်။ မလေးရှားမှ စားအုန်းဆီထုတ်လုပ်မှုသည် ဇန်နဝါရီ လတွင် ဒီဇင်ဘာလထက် ၁၀-၁၄ ရာခိုင် နှုန်း လျော့နည်းခဲ့သည်ဟု သိရပါသည်။ စိုက်ခင်းများတွင်    လုပ်သားမရှိသည့် ပြဿနာသည် ဧပြီလအထိ  ကြာရှည် နေဦးမည်ဟု     ခန့်မှန်းထားပါသည်။ ပြည်တွင်းလုပ်သားများသည် စိုက်ခင်း တွင်     လုပ်ကိုင်လိုမှု မရှိခြင်းကြောင့် လုပ်သားလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်း ကို ပြည်ပလုပ်သားများဖြင့်  ယခင်က ဆောင်ရွက်ခဲ့သော်လည်း ယခုအခါတွင် ကိုဗစ်ရောဂါကြောင့်  ပြည်ပလုပ်သား ဈေးကွက်သည် ခက်ခဲနေဆဲဖြစ်သည်ဟု ဆိုပါသည်။ ၂၀၂၂ ခုနှစ်    ဇန်နဝါရီလ  ၂၉ ရက်ရှိ   ရန်ကုန်မြို့၏  စားအုန်းဆီ ပေါက်ဈေးမှာ       တစ်ပိဿာလျှင် မြို့တွင်းနှင့် သီလဝါ ကန်တင်ဈေးများမှာ ကျပ်  ၄၉၅၀ ဖြစ်ပါသည်။ ပြည်ပစားအုန်း ဆီဈေးနှုန်းသည် မြန်မာပြည်အရောက် IV58 အရည်အသွေး  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၄၅ အထိ မြင့် တက်လာပါသည်။ ထို့ကြောင့် စားအုန်း ဆီဈေးနှုန်းများသည် နိုင်ငံခြားဈေးနှုန်း နှင့် သယ်ယူပို့ဆောင်ခများကြီးမြင့်ခြင်း အပေါ်အခြေခံပြီး ပြည်တွင်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၀၀၀ နီးနီးသို့ရောက်ရှိလာပြီဖြစ်ပြီး အရောင်း အဝယ်အခြေအနေမှာ အေးလျက်ရှိသည် ဟု ဆိုပါသည်။

 

 
ပြည်တွင်းဈေးကွက်အခြေအနေ


ပြည်တွင်း   ကုန်သည်ကြီးတစ်ဦး ဖြစ်သော မကွေးမြို့မှ  ဦးဇော်ထွန်းက ၂၀၂၁ ခုနှစ်  ဇန်နဝါရီ၊   ဖေဖော်ဝါရီ၊ မတ်လများမှာ တစ်ပိဿာလျှင် မြေပဲဆီ ကျပ် ၆၀၀၀ ၊  နှမ်းဆီ ကျပ် ၅၅၀၀၊ နေကြာဆီ ကျပ် ၅၅၀၀ နှင့် စားအုန်းဆီ ဈေးနှုန်းမှာ ကျပ် ၂၄၀၀ ၊ ကျပ် ၃၀၀၀ နှင့်  ကျပ်  ၃၁၀၀ ဈေး   ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် မေ၊ ဇွန်လများတွင် မြေပဲဆီ ကျပ် ၆၂၀၀၊ နှမ်းဆီ ကျပ် ၅၇၀၀၊ နေကြာ ဆီ  ကျပ် ၅၅၀၀ နှင့်   စားအုန်းဆီမှာ ကျပ် ၂၉၀၀မှ ၃၆၀၀ အထိ   ဈေးဖြစ် ပေါ်ခဲ့ပါသည်။ ထို့နောက် ဩဂုတ်လနှင့် စက်တင်ဘာလများတွင်မြေပဲဆီ ကျပ် ၆၃၀၀၊ နှမ်းဆီ ကျပ် ၅၈၀၀ နှင့် စားအုန်း ဆီဈေးမှာ ကျပ် ၃၀၀၀  မှ   ၄၁၀၀ အထိ ဈေးမြင့်တက်လာပါသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင် ဘာလများတွင်  မြေပဲဆီ ကျပ် ၆၀၀၀ ၊ နှမ်းဆီ ကျပ် ၆၀၀၀  နှင့်  စားအုန်းဆီ ဈေးမှာ ကျပ် ၄၂၀၀ မှ ယခု  ကျပ် ၅၀၀၀ အထိ ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယခုအခါ     စားဆီဈေးများမြင့်တက် သော်လည်း အရောင်းအဝယ်နည်းပါးပြီး အေးစက်လျက်ရှိသည်ဟု  ဆိုပါသည်။ စားအုန်းဆီ ပြည်တွင်းဈေးကွက်သည် ဈေးကြီးမြင့်သည်နှင့်အမျှ ဝယ်ယူစားသုံး သူများအနေဖြင့်   ဝယ်ယူစားသုံးမှု လျော့နည်းလာနိုင်သည်ဟု ခန့်မှန်းကြ ပါသည်။ လာမည့်နွေရာသီတွင် ယခင်က   ပွဲလမ်းသဘင်များ၊  အလှူမင်္ဂလာဆောင် များ  များပြားသဖြင့် စားသုံးဆီ အရောင်း အဝယ်သွက်တတ်သော်လည်း ယခုနှစ် တွင် ကိုဗစ်- ၁၉ ရောဂါများမှ  မျိုးကွဲ တစ်မျိုးဖြစ်သော အိုမီခရွန်ပိုးမှာ  ကမ္ဘာ တွင်  ပြန်လည် ဖြစ်ပွားမှုမြင့်တက်လာခြင်း ကိုအခြေခံပြီး    ပြည်တွင်းစားသုံးဆီ ဈေးကွက်မှာ ဆက်လက်အေးနေမည်ဟု ခန့်မှန်းထားကြောင်း  သတင်းရရှိထား ပါသည်။ 

 


အထက်ပါ   အကြောင်းအရပ်ရပ်    ကို  ထောက်ချင့်ပြီး  ပြောလိုသည်မှာ မည်သည့် စားသုံးဆီကိုမဆို   လျှော့ချ စားသုံးပါ။ ဈေးတက်လာသော စားအုန်း ဆီနှင့် ဟင်းသီးဟင်းရွက်ဆီခေါ် စားအုန်း ဆီကို လျှော့ချစားသုံးပါ။ စားကို စားမည် ဆိုပါကကျန်းမာရေးနှင့်   ပိုမိုညီညွတ် မည့် ပြည်တွင်းဖြစ် မြေပဲဆီစစ်စစ်ကို စားသုံးပါ။ ဆီကိုစားလိုလျှင်  ဈေးမကွာ သော မြေပဲဆီကို ရွေးချယ်ပါ။ စားသုံး ပါဟု        တိုက်တွန်းလိုက်ရပါသည် ခင်ဗျား။    ။