ဆီကုန်သည်အသင်းဝင်မှ ကျေးရွာအရောက် စားသုံးဆီဈေးနှုန်းချိုသာစွာရောင်းချပေး

 

ဥတ္တရ   ဇူလိုင်   ၂၂


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင် ဆွေ    ဦးဆောင်မှုဖြင့်   တပ်ကုန်းမြို့နယ်  ဆီကုန်သည် အသင်းဝင်  ဦးတိုးဝင်းသူ၊   ဦးနု+ဒေါ်ကျင်နု  (NNN) ကုန်စုံ ဆီဆိုင်မှ ညောင်လွန့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အား မီးဖိုချောင်းသုံး စားသုံးဆီဈေးနှုန်း သက်သာစွာ ၀ယ်ယူ နိုင်ရေး ယနေ့နံနက် ၉ နာရီက အဆိုပါအုပ်စု ညောင်လွန့်(န)ကျေးရွာ    ရွာတွင်းလမ်းအနီး  ဒေါ်နှင်း၏ အိမ်ဝိုင်းအတွင်း၌   ရောင်းချပေးသည်။

 


ထိုသို့    ရောင်းချပေးရာတွင်   စားဆီတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀   နှုန်းဖြင့်   လူတစ်ဦးလျှင်   ၅၀  ကျပ်သားနှုန်းဖြင့် ဆီပိဿာ   ၄၀၀   ကျော်  ရောင်းချပေးခဲ့ကြောင်း  သိရသည်။


မြို့နယ်(ပြန်/ဆက်)