ဆီးဂိမ်းပြိုင်ပွဲ ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ် နှစ်ခု၊ ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

 

နေပြည်တော်   မေ   ၁၁


မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီဥက္ကဋ္ဌ   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်    ဦးထွန်းမြင့်ဦးနှင့်အတူ   ယမန်နေ့ဒေသ စံတော်ချိန်   နံနက်(၈)နာရီခွဲတွင် ၂၀၂၃  ခုနှစ် ကမ္ဘော ဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပလျက်ရှိ သည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများကို လိုက်လံကြည့်ရှုအားပေးသည်။

 


ဖနောင်ပင်မြို့ရှိ   Basketball  Hall  NSTC ၌ ကျင်းပလျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသား) ကွင်းသွင်း  ခြင်းခတ်ပြိုင်ပွဲတွင်  (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး မြန်မာနိုင်ငံမှ မောင်သန်းဇော်ဦး၊  မောင်သိန်း ဇော်မင်း၊ မောင်အောင်ဇော်၊  မောင်အောင်ကျော်မိုး၊ မောင်ကျော်ဇေယျာဝင်း၊  မောင်ဇင်ကိုကို  တို့အတွဲက ရမှတ် ၆၈၀  ဖြင့်  ပထမ  (ရွှေတံဆိပ်ဆု)  ကိုလည်း ကောင်း၊ ဒုတိယ (ငွေတံဆိပ်ဆု)ကို ဖိလစ်ပိုင်နိုင်ငံ ကလည်းကောင်း၊    တတိယ  (ကြေးတံဆိပ်ဆု) ကို ကမ္ဘောဒီးယားနိုင်ငံက လည်းကောင်း၊  ပိုက်ကျော်ခြင်း အားကစားနည်း  (အမျိုးသမီး)   ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲ၌ (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး  မြန်မာနိုင်ငံမှ မကြူကြူသင်း၊ မနိုင်နိုင်ဝင်း၊ မနွယ်နွယ်ထွေး၊ မဖြူဖြူသန်း၊ မဆုတင် ဇာနိုင်၊ မခင်နှင်းဝေတို့အတွဲက ရမှတ် ၇၅၀ ဖြင့် ပထမ  (ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ (ငွေတံဆိပ် ဆု)ကို ဖိလစ်ပိုင်နိုင်ငံကလည်းကောင်း၊   တတိယ (ကြေးတံဆိပ်ဆု) ကို  ကမ္ဘောဒီးယားနိုင်ငံကလည်း ကောင်း ရရှိခဲ့ကြသည်။

 


ဆုများပေးအပ်ချီးမြှင့်


ပြိုင်ပွဲများအပြီးတွင်  ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ဆက်လက်ကျင်းပရာ ပထမ၊  ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ   အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်   တာဝန်ရှိသူ များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Aeon Hall, Aeon Mall Sen Sok ၌ ကျင်းပလျက်ရှိ သည့် ဘိလိယက်အားကစားနည်း (အမျိုးသားတစ်ဦး ချင်း- 9 ball Pool)ပြိုင်ပွဲ၌   (မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်း) နိုင်ငံတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မြန်မာမှ မောင်မောင်(ခ) မောင်ဘုန်း မြင့်ကျော်က ပထမ(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ   (ငွေတံဆိပ်ဆု)  ကို   စင်ကာပူနိုင်ငံလည်း ကောင်း၊   တတိယ(ကြေးတံဆိပ်ဆု)ကို    ဗီယက်နမ် နိုင်ငံကလည်းကောင်း ရရှိခဲ့ကြသည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်      Chroy Changvar Convention Centre, Hall (A)၌ ကျင်းပ လျက်ရှိသည့် ဝူရှူးအားကစားပြိုင်ပွဲ  ပွဲစဉ်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝူရှူး(သွေ့လျန် (အမျိုးသမီး)-အတွဲအတိုက်) ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊  မလေးရှားနှင့် အင်ဒိုနီးရှား) နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာမှ မစန္ဒီဦးနှင့် မအေးသစ္စာမြင့်တို့အတွဲက ရမှတ်၉ ဒသမ ၄၀၃ မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)၊ ဝူရှူး နန်းချွမ် (အမျိုး သမီး-တောင်ပိုင်းလက်သိုင်း)   ပြိုင်ပွဲ၌ ( အင်ဒိုနီးရှား၊ မလေးရှား၊  ကမ္ဘောဒီးယား၊   ဗီယက်နမ်နှင့်   မြန်မာ) နိုင်ငံတို့   ယှဉ်ပြိုင်ကစားခဲ့ကြရာ  မြန်မာမှ မအေး သစ္စာမြင့်က   ရမှတ် ၉ ဒသမ ၁၄၃  ဖြင့်   တတိယ (ကြေးတံဆိပ်ဆု) များ ရရှိခဲ့ကြသည်။

 


 ထပ်မံဆွတ်ခူးရရှိ


အလားတူ ဖနောင်ပင်မြို့ရှိ Morodok Elephant Hall 1 ၌  ခွန်ခမာအားကစားနည်း  (အမျိုးသမီး-၄၈ ကီလို)   ပြိုင်ပွဲတွင်   မမေသဇင်ထူးက   ဒုတိယ (ငွေတံဆိပ်ဆု)နှင့် (အမျိုးသား-၅၄ကီလို) ပြိုင်ပွဲတွင် မောင်ဟိန်းသူအောင်က  တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ Morodok Techo Badminton Hall ၌ ကြက်တောင်အားကစားနည်း (အသင်းလိုက်-အမျိုးသား+ အမျိုးသမီး)    ပြိုင်ပွဲတွင်     မြန်မာမှ မောင်ဟိန်းထွဋ်၊  မောင်အောင်မျိုးထူး၊  မောင်အာကာ  ဘုန်းမြတ်၊   မောင်ဇော်လင်းထူး၊   မသက်ထားသူဇာ၊ မတွယ်တာဦး၊ မဇွန်မျိုးသက်တို့အတွဲက ဒုတိယ (ငွေ တံဆိပ်ဆု)ကိုလည်းကောင်း၊ AZ Group Cricket Oval, Hun Sen Boulevard ၌ ခရစ်ကက်အားကစား နည်း (Six a Side) ပြိုင်ပွဲတွင်  မြန်မာအမျိုးသမီး အသင်းမှ  ရမှတ်  ၂၄   မှတ်ဖြင့်  တတိယ (ကြေး တံဆိပ်ဆု) ကိုလည်းကောင်း ထပ်မံဆွတ်ခူးရရှိခဲ့ကြ သည်။

 


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် Smart RSN Stadium ၌ ကျင်းပလျက် ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို သွားရောက် ကြည့်ရှုအားပေးခဲ့ရာ   မြန်မာအသင်းနှင့်   ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင် ရရှိခဲ့သည်။

 


မေ ၁၀ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ခွန်ခမာ၊ ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန် ပစ်နှင့် ခရစ်ကက် အားကစားပြိုင်ပွဲများကို မြန်မာ နိုင်ငံမှ   ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ   ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်  သုံးခု၊ ကြေးတံဆိပ် သုံးခု ထပ်မံရရှိ ခဲ့ကြသည်။

 


မေ ၁၁  ရက်   ပြိုင်ပွဲ   ပွဲစဉ်များအဖြစ်   ဝူရှူး၊ E-Sports၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကက်၊ ပိုက် ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့်   ဘိလိယက်  အားကစား နည်းများတွင်   မြန်မာနိုင်ငံမှ   ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 


(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်  ယနေ့အထိ   မြန်မာနိုင်ငံမှ  ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၁ ခုနှင့် ကြေးတံဆိပ် ၃၁ ခု စုစုပေါင်း  ဆုတံဆိပ် ၅၆ ခု  ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။    

                                   

သတင်းစဉ်