ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်း ဗိုလ်စွဲ

 

ရန်ကုန်    မေ    ၂၂


(၃၁)   ကြိမ်မြောက်  ဆီးဂိမ်း  အမျိုးသားဘောလုံး ပြိုင်ပွဲ  တတိယလုပွဲနှင့်  ဗိုလ်လုပွဲကို  မေ ၂၂ ရက်က     ဗီယက်နမ်နိုင်ငံ၌   ဆက်လက်ကျင်းပရာ    အိမ်ရှင် ဗီယက်နမ်အသင်း ဗိုလ်စွဲခဲ့သည်။

 


ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းက ထိုင်းအသင်း ကို  တစ်ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့သည်။  တတိယ နေရာလုပွဲတွင် အင်ဒိုနီးရှားနှင့် မလေးရှားအသင်း တို့    ပွဲချိန်အတွင်း    တစ်ဂိုးစီ သရေကျနေသဖြင့်        ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ အင်ဒိုနီးရှားအသင်းက  လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဗီယက်နမ်အသင်း သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲတွင်  အမှားအယွင်းမရှိ ရွှေတံဆိပ်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။  ဗီယက်နမ်အသင်းသည်    ပြိုင်ပွဲ တစ်လျှောက်  ရှုံးပွဲ  မရှိ၊ ပေးဂိုးမရှိဘဲ ရွှေတံဆိပ်ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။         ထိုင်းအသင်းအနေဖြင့်   ရွှေတံဆိပ်   ပြန်လည်ရယူနိုင်ရန်   ကြိုးပမ်းခဲ့သော် လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။  ဗီယက်နမ် အသင်းအတွက်   တစ်လုံးတည်းသော   အနိုင်ဂိုးကို ၈၃    မိနစ်တွင်    မန်ဒူနမ်က     သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းသည် နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲ ခဲ့ခြင်းဖြစ်ပြီး   ဆီးဂိမ်းရွှေတံဆိပ်ဆုကို    သုံးကြိမ် မြောက်  ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 


အမျိုးသား      ဘောလုံးပြိုင်ပွဲ        အပြီးတွင်   ဗီယက်နမ်အသင်းက   ရွှေတံဆိပ်၊  ထိုင်းအသင်းက   ငွေတံဆိပ်၊   အင်ဒိုနီးရှားအသင်းက  ကြေးတံဆိပ် ရရှိခဲ့သည်။


ရဲရင့်လွင်