
ရန်ကုန် မေ ၁၆
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ တတိယလုပွဲကို မေ ၁၆ ရက် ညနေပိုင်းက အိုလံပစ်အမျိုးသား ကွင်း၌ ကျင်းပရာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဗီယက်နမ်အသင်းသည် ရွှေတံဆိပ်ဆု လက်လွှတ်ခဲ့ရသော်လည်း မြန်မာအသင်း ကို အနိုင်ယူပြီး ကြေးတံဆိပ်ရရှိခဲ့သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်း ကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပြည့်ဖြိုးသူ(ဂိုး)၊ ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ ကောင်း ထက်ပိုင်၊ အာကာကျော်၊ ခွန်ကျော်ဇင် ဟိန်း၊ ထူးမြတ်ခန့်၊ ရန်ကျော်စိုး၊ ဇော်ဝင်း သိန်း၊ ဟိန်းထက်အောင်တို့ ပါဝင်ကစားခဲ့ သည်။ ယခုပွဲကိုလည်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာ ကွင်းအတွင်းဝင်ရောက် ကြီးကြပ်ခွင့်မရဘဲ ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုခဲ့ရသည်။
ဗီယက်နမ်အသင်းသည် ပွဲစကတည်း က တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၀ ၊ ၃၆ မိနစ်တွင် ဟိုဗင်ကောင်က နှစ်ဂိုးသွင်းယူခဲ့ သည်။ မြန်မာအသင်းသည် ပထမပိုင်း တွင် ဂိုးသွင်းခွင့်အနည်းငယ်သာရခဲ့ပြီး အသုံးမချနိုင်သဖြင့် ပထမပိုင်းအပြီးတွင် ဗီယက်နမ်အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း ဗီယက်နမ်အသင်းကသာ ပွဲကိုထိန်းချုပ် နိုင်ခဲ့ပြီး ၅၇ မိနစ်တွင် ဗန်ကောင်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် သုံးဂိုးပေးလိုက်ရသော်လည်း ကစား သမားများပြောင်းလဲကာ တိုက်စစ်မြှင့် ခဲ့ပြီး နှစ်သိမ့်ချေပဂိုး တစ်ဂိုးကို ၈၈ မိနစ်တွင် အောင်မျိုးခန့်က သွင်းယူခဲ့ သည်။
ညီမြတ်သော်တာ