ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် အင်ဒိုနီးရှားနှင့် ထိုင်းအနိုင်ရပြီး မြန်မာအသင်း ရှုံးနိမ့်

 

နေပြည်တော်    မေ   ၁၃


(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက်က   ဆက်လက်ကျင်းပရာ ထိုင်းနှင့် အင်ဒိုနီးရှားအသင်း   ဗိုလ်လုပွဲ တက်ရောက်သွားပြီး မြန်မာအသင်း ရှုံးပွဲ ကြုံတွေ့ခဲ့သည်။

 


ဗိုလ်လုပွဲမျှော်လင့်ချက်ပျက်ပြယ်


မြန်မာအသင်းသည် ဆီမီးဖိုင်နယ်ပွဲ အဖြစ်  နာမည်ကြီး    ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ   သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်း၏ ဗိုလ်လုပွဲ တက်ရေးမျှော်လင့်ချက်မှာ    ထိုင်းကို အရေးနိမ့်ပြီး ပျက်ပြယ်ခဲ့ရသည်။ ထိုင်း အသင်းသည် ပြိုင်ပွဲတစ်လျှောက်   ရှုံးပွဲ မရှိသေးသည့်    မှတ်တမ်းကောင်းကို   ဆက်ထိန်းကာ   ဗိုလ်လုပွဲတက်ရောက် သွားခြင်းဖြစ်ပြီး   ပြိုင်ပွဲတစ်လျှောက်   ပွဲတိုင်းအနိုင်ရလာသည့်    အင်ဒိုနီးရှား အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


မြန်မာအသင်းတွင်   ပွဲပယ်ကစား သမားရှိသဖြင့်    ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့       ပြုလုပ်ခဲ့ပြီး  ပြည့်ဖြိုးသူ (ဂိုး)၊    ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊    နောင်နောင်စိုး၊ အာကာ ကျော်၊  ခွန်ကျော်ဇင်ဟိန်း၊ ကောင်းထက် ပိုင်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊  ဥက္ကာနိုင်၊   ဟိန်းထက်အောင်တို့ ပါဝင်ကစားခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲတက်ရောက် နိုင်ရန်  ထိုင်းကို    အကောင်းဆုံးတုံ့ပြန် ကစားခဲ့သည်။   ထိုင်းအသင်းကလည်း ပွဲစကတည်းက      တိုက်စစ်ဖွင့်ကစား ခဲ့ရာ    ဂိုးသွင်းခွင့်များ    ရခဲ့သော်လည်း   အဆုံးသတ်အားနည်းခြင်း၊ မြန်မာအသင်း ခံစစ်အမှားမရှိခြင်းကြောင့်  ၃၇   မိနစ်မှ ဂိုးရခဲ့သည်။ ယင်းဂိုး ကို တီယာဆတ်ခ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကစားသမား များပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့သလို ထိုင်းအသင်းကလည်း   ဂိုးထပ်မံရရှိရန် ကြိုးပမ်းခဲ့သည်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၈၅ မိနစ်တွင် လီယိုဂျိမ်းစ် နှင့်   ၉၀+၇  မိနစ်တွင်   အာနန်တို့က သွင်းယူခဲ့သည်။

 


တတိယနေရာလုပွဲ


ဆီမီးဖိုင်နယ်  ပထမပွဲတွင်   အင်ဒို နီးရှားအသင်းက  ဗီယက်နမ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မေ ၁၆ ရက်တွင်    တတိယနေရာလုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့်   မြန်မာအသင်း၊ ဗိုလ်လုပွဲအဖြစ်   အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်း    ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။      


ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF