
ရန်ကုန် မေ ၃
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ကို မေ ၃ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်း အနိုင်ရ ခဲ့သည်။
ဗီယက်နမ်အသင်းသည် မိနစ် ၃၀ နောက်ပိုင်းမှ ဂိုးစတင်ရရှိခဲ့ပြီး ၃၆ မိနစ်တွင် ဗန်သန်၊ ၄၃ မိနစ် တွင် ထိုင်ဆွန်၊ ၇၉ မိနစ်တွင် မိုဟာမက်အီဟန်က သွင်းယူခဲ့ပြီး စင်ကာပူအသင်းအတွက် ချေပဂိုးတစ်ဂိုး ကို မိနစ် ၉၀ တွင် ဗီယက်နမ်အသင်းမှ သီဟောင်ဗူက သွင်းယူခဲ့သည်။ မလေးရှားအသင်းသည် ပထမဆုံး ပွဲတွင် လာအိုအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ် ပြည့် စတင်ရရှိခဲ့သည်။ ယခုပွဲတွင် သွင်းဂိုး ခြောက်ဂိုး အထိရှိခဲ့ပြီး ကိုယ့်ဂိုးကိုယ်သွင်းယူသည့်ဂိုးမှာ သုံးဂိုး အထိ ပါဝင်ခဲ့သည်။ မလေးရှားအသင်းအတွက် ဂိုးများကို လေးမိနစ်တွင် မိုဟာမက်၊ ၇၅ မိနစ်တွင် ဆာရာဟီနှင့် ၉၀+၁ မိနစ်တွင် နာဂျာမူဒင်တို့က သွင်းယူခဲ့ပြီး ကျန်နှစ်ဂိုးမှာမူ ၂၈၊ ၉၀+၄ မိနစ်တွင် လာအိုကစားသမား နှစ်ဦး ကိုယ့်ဂိုးကိုယ်သွင်းမိ ခဲ့ခြင်းဖြစ်သည်။ လာအိုအသင်းရရှိသည့် ချေပဂိုး တစ်ဂိုးမှာလည်း မိနစ် ၂၀ တွင် မလေးရှားကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ရဲရင့်လွင်