ဆီးဂိမ်း အမျိုးသားဘောလုံး ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ ကစားမည်

 

ရန်ကုန်   မေ   ၁၉


(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၉ ရက်က ဆက်လက် ကျင်းပရာ   ထိုင်းအသင်းနှင့်   ဗီယက်နမ်ဗိုလ်လုပွဲ တက်ရောက်သွားသည်။

 


ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်    ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အိမ်ရှင်ဗီယက်နမ် အသင်းက မလေးရှားအသင်းကို  တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။  လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ပွဲမှာ      အပြန်အလှန်ရှိခဲ့ပြီး ဗိုလ်လုပွဲတက်ရေး  အားကုန်ထုတ်ကစားခဲ့သဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ မလေးရှားအသင်းသည် အိမ်ရှင်အသင်းနှင့်   တွေ့ဆုံရသော်လည်း    ခံစစ် ဦးစားပေးမကစားဘဲ   အပြန်အလှန်   တိုက်စစ်ဆင် ကစားရာ  ဂိုးသွင်းခွင့်များ အပြန်အလှန် ရရှိခဲ့သည်။ မိနစ် ၉၀ ပြည့်သည်အထိ  ဂိုးမရှိသရေကျနေသဖြင့် အချိန်ပို   ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး   ဗီယက်နမ် အသင်းအတွက်  အနိုင်ဂိုးကို ၁၁၀ မိနစ်တွင် ငုယင် သီလင်က သွင်းယူခဲ့သည်။ ထိုင်းအသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုဂိုးဖြင့်      အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းအတွက်  တစ်လုံးတည်းသော  အနိုင်ဂိုး ကို ၉၀+၄ မိနစ်တွင်   ဝီရာသီက   သွင်းယူပေးခဲ့သည်။  မေ ၂၂ ရက်တွင်   ဗိုလ်လုပွဲအဖြစ်   ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း၊    တတိယနေရာ   လုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့်    မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။            

 

ရဲရင့်လွင်၊ ဓာတ်ပုံ-VFF