ဆီးဂိမ်း အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၅ နေရာလုပွဲကစားရမည်

 

ရန်ကုန်   မေ  ၁၉
ဆီးဂိမ်း အမျိုးသားဘော်လီဘော ပြိုင်ပွဲ      အုပ်စုပွဲစဉ်အပြီးတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ် နှင့် လွဲချော်ခဲ့ပြီး အဆင့် ၅ နေရာ လုပွဲသာ ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ရေး   အဆုံးအဖြတ်ပွဲ တွင် အိမ်ရှင်ဗီယက်နမ်အသင်းကို သုံးပွဲပြတ် အရေးနိမ့်ခဲ့သဖြင့် ဆီမီး ဖိုင်နယ်နှင့်    လွဲချော်ခဲ့ခြင်း   ဖြစ် သည်။ မြန်မာအသင်းသည်  အင်ဒို နီးရှား၊   ဗီယက်နမ်၊   မလေးရှားတို့ နှင့်   တစ်အုပ်စုတည်း   ကျရောက် ခဲ့ပြီး မလေးရှားတစ်သင်းတည်း ကိုသာ  အနိုင်ရပြီး ကျန်နှစ်သင်းကို အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ အမျိုးသား ဘော်လီဘောပြိုင်ပွဲကို အုပ်စုနှစ်ခု ခွဲ၍   ပြုလုပ်ခဲ့ပြီး   အုပ်စုပွဲစဉ်များ အပြီးတွင် အုပ်စု (က) တွင်   အင်ဒို နီးရှားအသင်းက   အုပ်စု  ပထမ၊ ဗီယက်နမ်အသင်းက    အုပ်စု ဒုတိယ၊ အုပ်စု (ခ) တွင် ထိုင်းအသင်း က    အုပ်စုပထမ၊   ကမ္ဘောဒီးယား အသင်းက   အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
အုပ်စု (က)   တွင်    တတိယ နေရာရခဲ့သည့်      မြန်မာအသင်း သည်   အဆင့် ၅/၆  နေရာလုပွဲ တိုက်ရိုက်ကစားခွင့်ရခဲ့ပြီး  အုပ်စု အောက်ဆုံး         ရပ်တည်မှုအရ မလေးရှားနှင့်  ဖိလစ်ပိုင်အသင်းမှာ  အဆင့် ၅/၆  နေရာလုပွဲအတွက် Play-off     ထပ်မံကစားခဲ့ရပြီး     ဖိလစ်ပိုင်အသင်းက   သုံးပွဲပြတ် အနိုင်ရခဲ့သဖြင့် မြန်မာအသင်းနှင့်  အဆင့် ၅ နေရာလုပွဲ  ကစားရမည် ဖြစ်ကာ  မလေးရှားအသင်းမှာမူ အဆင့် ၇ နေရာသာရရှိခဲ့သည်။
မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းသည်   အဆင့် ၅ နေရာ လုပွဲအဖြစ်  မေ ၂၀ ရက် (ယနေ့) ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်