ဆွီဒင်သဘာဝပတ်ဝန်းကျင်လှုပ်ရှားတက်ကြွသူ ဂရီတာသွန်းဘာ့ဂျ် ဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံရ

 

ဘာလင်  ဇန်နဝါရီ   ၁၈ 


ဆွီဒင်သဘာဝပတ်ဝန်းကျင်လှုပ်ရှားတက်ကြွသူ ဂရီတာသွန်းဘာ့ဂျ်ကို ဇန်နဝါရီ ၁၇ ရက်က ဂျာမနီနိုင်ငံ အနောက်ပိုင်း ဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ယင်းနေ့နောက်ပိုင်းတွင် သူ့ကို ပြန်လည်လွှတ်ပေးခဲ့သည်။ 

 


သွန်းဘာ့ဂျ်သည် မိုင်းတွင်းနေရာတိုးချဲ့မှုနှင့်ပတ်သက်ပြီး  ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ  လုဇာရက် ရွာကလေးကို  ဖျက်သိမ်းမည့်အပေါ်  ဆန့်ကျင်ဆန္ဒပြမှုတွင်  ပါဝင်ခဲ့သည်။   မိုင်းတွင်းနေရာတိုးချဲ့မှု လုပ်ဆောင်နေသည့်နေရာတွင် ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများသည် ဇန်နဝါရီ ၁၇ ရက်က အထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။ ဆန္ဒပြသူများ အန္တရာယ်ဇုန်အတွင်းသို့ မဝင်ရောက်နိုင်ရန် ရဲများက ၎င်းတို့ ကို စတင်ဖယ်ရှားခဲ့သည်။ သွန်းဘာ့ဂျ်သည်လည်း ရဲအရာရှိသုံးဦး၏ ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။ ဂျာမန်အစိုးရ သည် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိသည်။ 

 


အဆိုပါဆောင်ရွက်မှုကို သဘာဝပတ်ဝန်းကျင်အုပ်စုနှင့် အခြားအဖွဲ့အစည်းများက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့တိုးချဲ့ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို သက်ရောက်စေနိုင်ကြောင်း ၎င်းတို့က ပြောဆိုလျက်ရှိသည်။                                                                   

အင်န်အိတ်ချ်ကေ