
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင် မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေ ဆေးဖြတ်စခန်းမှ ပအိုဝ်းအမျိုး သား ၁၂ ဦးကို တပ်မတော်မှ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က ပြည်သူများအား အထင်အမြင် လွဲမှားစေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများတွင် လုပ်ကြံ သတင်းရေးသား ဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
ဆီဆိုင်မြို့တွင် တပ်မတော် နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် များပူးပေါင်း၍ နယ်မြေတည်ငြိမ် အေးချမ်းမှုရှိစေရန် ဆီဆိုင်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ လုံခြုံရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်းများကို ပုံမှန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါသတင်းမှာ လုပ်ကြံဖန်တီး ရေးသားထားသည့် သတင်းအမှား သာဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးဆိုင်ရာတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တပ်မတော်အနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး လုပ်ငန်း များကို သက်ဆိုင်ရာနယ်မြေရှိ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပေါ် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပျက်ပြားစေရန် သွေး ထိုးလှုံ့ဆော်၍ တရားမဝင် ပြည် ဖျက်မီဒီယာများမှ လူမှုကွန်ရက် များတွင် မဟုတ်မမှန်လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်